Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Forbes ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ စာရင်းမှာ သရဖူဆောင်းခဲ့တဲ့ Mark Wahlberg

Forbes ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ စာရင်းမှာ သရဖူဆောင်းခဲ့တဲ့ Mark Wahlberg

| No comment


Transformers: The Last Knight ဇာတ်ကားက ဆိုးရွားတဲ့ ဝေဖန်ချက်တွေနှင့် box office မှာ ဝင်ငွေမကောင်းခဲ့ပေမယ့် Mark Wahlberg ကတော့ ထိပ်ဆုံးမှာ ရပ်တည်နေဆဲပါပဲ။ ဒီနှစ်ထွက်ရှိလာတဲ့ ဇာတ်ကားထဲမှာ စက်ပြင်ဆရာ Cade Yeager အဖြစ်ပြန်လည်သရုပ်ဆောင်ထားတဲ့ မင်းသားက Dwayne Johnson ကို အလဲထိုးပြီး Forbes က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ စာရင်းမှာ ထိပ်ဆုံးကဖြစ်လာပါတယ်။

Forbes ရဲ့ ၁၂ လတာ စာရင်းကောက်ခံမှုမှာ Wahlberg က အခွန်မဆောင်မီ အမေရိကန်ဒေါ်လာ ၆၈ သန်း ရရှိခဲ့ပါတယ်။ Dwayne Johnson ကတော့ ပြီးခဲ့တဲ့နှစ်ကထက် ဝင်ငွေပိုကောင်းလာပေမယ့် နံပါတ် ၁ နေရာကနေ နံပါတ် ၂ နေရာကို လျှောကျသွားပါတယ်။ The Baywatch နှင့် Fate of the Furious မင်းသားက Forbes ရဲ့ ၂၀၁၆ ခုနှစ် စာရင်းကို အမေရိကန်ဒေါ်လာ ၆၄.၅ သန်းနှင့် ဦးဆောင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၆၅ သန်း ရရှိခဲ့ပါတယ်။

Wahlberg ကို ဒီနှစ်ထဲမှာ  Daddy’s Home 2 နှင့် Ridley Scott ရဲ့ All the Money in the World ဇာတ်ကားတွေမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ထိပ်ဆုံး ၅ ယောက်ထဲပါဝင်လာသူတွေကတော့ Vin Diesel က အမေရိကန်ဒေါ်လာ ၅၄.၅ သန်းနှင့် နံပါတ် ၃ နေရာ၊ Adam Sandler က အမေရိကန်ဒေါ်လာ ၅၀.၅ သန်းနှင့် နံပါတ် ၄ နေရာ၊ Jackie Chan က အမေရိကန်ဒေါ်လာ ၄၉ သန်းနှင့် နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၁၅ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်ခဲ့တဲ့ Robert Downey Jr. ကတော့ အမေရိကန်ဒေါ်လာ ၄၈ သန်းနှင့် နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ အယောက် ၂၀ စာရင်းထဲမှာပါဝင်တဲ့ စူပါဟီးရိုးမင်းသားတွေကတော့ Chris Hemsworth က အမေရိကန်ဒေါ်လာ ၃၁.၅ သန်းနှင့် နံပါတ် ၁၁ နေရာ၊ Ryan Reynolds က အမေရိကန်ဒေါ်လာ ၂၁.၅ သန်းနှင့် နံပါတ် ၁၅ နေရာ၊ Chris Evans က အမေရိကန်ဒေါ်လာ ၁၈ သန်းနှင့် နံပါတ် ၁၈ နေရာ၊ Chris Pratt က အမေရိကန်ဒေါ်လာ ၁၇ သန်းနှင့် နံပါတ် ၁၉ နေရာနှင့် Mark Ruffalo က အမေရိကန်ဒေါ်လာ ၁၃ သန်းနှင့် နံပါတ် ၂၀ နေရာတို့ဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: EW