Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Game of Thrones Season 7 ဇာတ်သိမ်းပိုင်း ရုပ်ရှင်ဇာတ်ကားတစ်ကားစာ ကြာမြင့်နိုင်

Game of Thrones Season 7 ဇာတ်သိမ်းပိုင်း ရုပ်ရှင်ဇာတ်ကားတစ်ကားစာ ကြာမြင့်နိုင်

| No comment


Episodes ၆ပိုင်းပြီးသွားပြီးနောက်မှာ “Game of Thrones” ဟာ Season 7 အတွက် အပိုင်း ၁ပိုင်းသာ ကျန်တော့ပြီး ဒီအပိုင်းဟာလည်း တကယ်မိုက်မယ့်အပိုင်းတစ်ပိုင်း ဖြစ်လာမှာပါ။

Season 7 ရဲ့ ဇာတ်သိမ်းပိုင်းဟာ နာမည်အနေနဲ့ “The Dragon and the Wolf” လို့ခေါ်မှာ ဖြစ်ပြီး ကြာမြင့်ချိန် ၇၉မိနစ် ၄၃စက္ကန့်ရှိမှာဖြစ်ကြောင်း ရှိုးရဲ့ တရားဝင် Twitter အကောင့်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ခဲ့ပါတယ်။

Episode ဟာ ရှိုးရဲ့ အရှည်ဆုံးအပိုင်း ဖစ်လာဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း Showrunner ဖြစ်သူ David Benioff က EW ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၉၀စာ ရှိမယ်လို့ ခန့်မှန်းထားကြတာထက်တော့ ၁၀မိနစ်ခန့် နည်းသွားတာပါ။

ဇာတ်သိမ်းမှာဘာပါဝင်လာမလဲ? HBO က ထုတ်ဖော်ခဲ့တဲ့ Preview video အရတော့ စစ်ပွဲတွေ ဖြစ်ပွားလာနိုင်ပါတယ်။


Brucee


#celebrity.thithtoolwin.com

Ref: cnet