Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday” နှင့် “All Night” MV Teaser များထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday” နှင့် “All Night” MV Teaser များထွက်ရှိလာ

| No comment


Girls’ Generation အဖွဲ့ရဲ့ ခေါင်စီးသီချင်း “Holiday” ၏ ပထမဆုံး MV Teaser ထွက်ရှိလာပါပြီ။
တိုတောင်းပြီး ချစ်စဖွယ်ကောင်းတဲ့ Teaser က retro ရသကို ပေးစွမ်းထားပြီး အဖွဲ့ဝင်တွေက သီချင်းအတိုင်းကနေတဲ့ ကကွက်တိုလေးပါဝင်ပါတယ်။ Teaser ထဲမှာ နားစွဲလွယ်ပြီး အင်အားရှိစေမည့် chorus အပိုင်းအစလေးကိုလည်း ကြားနိုင်ပါတယ်။

Girls’ Generation အဖွဲ့က “All Night” သီချင်းရဲ့ MV Teaser ကိုလည်း မျှဝေလိုက်ပါတယ်။ ဒီသီချင်းကတော့ အယ်လ်ဘမ်သစ် “Holiday Night” ထဲက ဒုတိယမြောက် ခေါင်စီးသီချင်းဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာတော့ အဖွဲ့ဝင်တွေက ပါတီကျင်းပနေတဲ့ နေရာကို ရောက်လာပြီး တစ်ယောက်ချင်း Teaser တွေထဲမှာ မြင်ခဲ့ရတဲ့ ပြကွက်တွေထဲကလို ပျော်ရွှင်နေတာကို ပြသထားပါတယ်။ အယ်လ်ဘမ်ထဲမှာပါဝင်မည့် track list ကိုလည်း ရုပ်ရှင်ပိုစတာ စတိုင်ပြုလုပ်ထားတဲ့ ဓာတ်ပုံပေါ်မှာ ဖော်ပြထားပါတယ်။

Girls’ Generation အဖွဲ့ရဲ့ ၆ ခုမြောက် “Holiday Night” အယ်လ်ဘမ်က ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ အယ်လ်ဘမ်ထဲမှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” အပါအဝင် သီချင်းစုစုပေါင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။
                     
                      Holiday


                       All Night            



       RII

       #celebrity.thithtoolwin.com

         Source: Soompi