Girls’ Generation အဖွဲ့က ပရိသတ်တွေဆီ အရောက်ပြန်လာဖို့ ပြင်ဆင်နေရင်း နောက်ထပ် Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များကို မျှဝေလိုက်ပါတယ်။
Girls’ Generation အဖွဲ့ရဲ့ အယ်လ်ဘမ်သစ် “Holiday Night” အတွက် အဖွဲ့ဝင် Seohyun ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများက ဩဂုတ်လ ၁ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း YoonA, Tiffany, Yuri, Hyoyeon နှင့် Sooyoung တို့ရဲ့ teaser များထွက်ရှိလာအပြီးမှာ သူကတော့ ၆ ယောက်မြောက်ဖြစ်ပါတယ်။
Teaser ဗီဒီယိုထဲမှာ Seohyun က “ကျွန်မက အငယ်ဆုံးဖြစ်လို့ အရမ်းချစ်ခံရတယ်လို့ ထင်မိပါတယ်။ ကျွန်မကို ‘Girls’ Generation အဖွဲ့ရဲ့ ဂုဏ်ဆောင်’ လို့ ပြောကြတယ်။ ကျွန်မတို့အဖွဲ့မှာ အငယ်ဆုံးက တစ်ယောက်ပဲရှိတော့ Girls’ Generation ကို ကိုယ်စားပြုရမယ့် တာဝန်ရှိတယ်လို့ ခံစားမိတယ်” လို့ ပြောပြထားပါတယ်။
Girls’ Generation ရဲ့ အဖွဲ့ဝင်အဖြစ် မွေးဖွားလာရတာ အရမ်းဝမ်းသာတယ်လို့လည်း ပြောပြသွားပါတယ်။
သီချင်းသစ် “Sweet Talk” ရဲ့ preview ကို အဖွဲ့ရဲ့ website က channel 13 မှာ နားဆင်နိုင်ပါတယ်။
“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Source: Soompi