Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Sunny ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Sunny ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment






ပရိသတ်တွေဆီ အရောက်ပြန်လာဖို့ ပြင်ဆင်နေရင်းနှင့် Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များ နောက်ဆုံးထွက်ရှိလာတဲ့သူက တော့ Girls’ Generation အဖွဲ့ဝင် Sunny ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ရဲ့ ၆ ခုမြောက် full album “Holiday Night” အတွက် အဖွဲ့ဝင် Sunny ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများက ဩဂုတ်လ ၃ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။ YoonA, Tiffany, Yuri, Hyoyeon, Sooyoung, Seohyun နှင့် Taeyeon တို့ရဲ့ teaser များထွက်ရှိလာအပြီးမှာ သူကတော့ ၈ ယောက်မြောက်ဖြစ်ပါတယ်။

Teaser ဗီဒီယိုထဲမှာ Sunny က “အစတုန်းကတော့ ကျွန်မတို့အားလုံး အရမ်းစိတ်လှုပ်ရှားပြီး အကုန်လုံးက တကယ့်ကို ဖရိုဖရဲဖြစ်နေခဲ့ကြတာပါ။ ကျွန်မတို့က အခုချိန်ထိ ကြိုးကြိုးစားစားလုပ်ခဲ့ကြတယ်ဆိုပေမယ့် ဒီအလုပ်လုပ်ရတာ သဘောကျလို့ ဒီနေရာအထိ ရောက်လာနိုင်တာလို့ ထင်ပါတယ်” လို့ ပြောပြထားပါတယ်။
သီချင်းသစ် “Fan” ရဲ့ preview ကို အဖွဲ့ရဲ့ website က channel 14 မှာ နားဆင်နိုင်ပါတယ်။

“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။



      RII

    #celebrity.thithtoolwin.com

      Source: Soompi