Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Taeyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

Girls’ Generation အဖွဲ့၏ “Holiday Night” အယ်လ်ဘမ်မှ Taeyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ရှိလာ

| No comment

 Girls’ Generation အဖွဲ့က ပရိသတ်တွေဆီ အရောက်ပြန်လာဖို့ ရက်အနည်းငယ်သာ လိုတော့တာနှင့်အမျှ နောက်ထပ် Teaser ဗီဒီယိုသစ်နှင့် ဓာတ်ပုံများသစ်များကို မျှဝေလိုက်ပါတယ်။

Girls’ Generation အဖွဲ့က YoonA, Tiffany, Yuri, Hyoyeon, Sooyoung နှင့် Seohyun တိုရဲ့ teaser များထွက်ရှိလာအပြီးမှာ Taeyeon ၏ Teaser ဗီဒီယိုနှင့် ဓာတ်ပုံများက ဩဂုတ်လ ၂ ရက် ကိုရီယားစံတော်ချိန် ညသန်ခေါင်တိတိမှာ ထွက်ရှိလာပါတယ်။

Teaser ဗီဒီယိုထဲမှာ Taeyeon က “အားလုံးက အချိန်တန်ရင် အိမ်ပြန်ကြတာပဲလေ၊ မွေးရပ်မြေကို ပြန်သွားကြတယ်လေ မဟုတ်ဘူးလား? ဒါကြောင့် အဖွဲ့ဝင်တွေက အိမ်လိုပဲဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ Girls’ Generation က Girls’ Generation အတွက် အဲ့ဒီလိုပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပြထားပါတယ်။

သီချင်းသစ် “Girls Are Back” ရဲ့ preview ကို အဖွဲ့ရဲ့ website က channel 10 မှာ နားဆင်နိုင်ပါတယ်။
“Holiday Night” အယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း ၂ ပုဒ် All Night” နှင့် “Holiday” တို့ပါဝင်ပြီး ဩဂုတ်လ ၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် online မှာ ထွက်ရှိလာမှာဖြစ်ပြီး physical album ကတော့ ဩဂုတ်လ ၇ ရက်မှာထွက်ရှိလာမှာဖြစ်ပါတယ်။
Teaser:

        RII


     #celebrity.thithtoolwin.com

    Source: Soompi