Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ‘Home Alone’ ဇာတ်ကားထဲက အဖေအဖြစ်သရုပ်ဆောင်ခဲ့သူ John Heard ကွယ်လွန်

‘Home Alone’ ဇာတ်ကားထဲက အဖေအဖြစ်သရုပ်ဆောင်ခဲ့သူ John Heard ကွယ်လွန်

| No comment



‘Home Alone’ ဇာတ်ကား မကြည့်ဖူးတဲ့သူတော်တော်ရှားလောက်ပါတယ်။ Home Alone ဇာတ်ကားမှာ မိသားစုကြီးရဲ့ အဖေအဖြစ်သရုပ်ဆောင်ခဲ့တဲ့ John Heard ဟာ ကယ်လီဖိုးနီးယားပြည်နယ်က ဟိုတယ်ခန်းတစ်ခုမှာ နှလုံးဖောက်ပြန်မှုနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း TMZ က အတည်ပြုခဲ့ပါတယ်။

အသက် ၇၁နှစ်အရွယ် မင်းသားကြီးဟာ CA ပြည်နယ်၊ Palo Alto က ဟိုတယ်တစ်ခုမှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းက ဆုံးပါးသွားခဲ့တာပါ။

Heard ဟာ Stanford Medical Center မှာ မကွယ်လွန်ခင် ၂ရက်အလိုအထိ ကျောကိုခွဲစိတ်ကုသမှု ခံယူထားရပြီး ဟိုတယ်မှာ ပြန်လည် အနားယူနေခဲ့တာပါ။ ဒါပေမယ့် တရားဝင်ပြောကြားချက်အရ “လတ်တလောပြုလုပ်ထားတဲ့ ခွဲစိတ်မှုနဲ့ သူသေဆုံးတဲ့ အကြောင်းရင်း သက်ဆိုင်ခြင်းမရှိကြောင်း” ပြောခဲ့ပါတယ်။

Brucee


#celebrity.thithtoolwin.com

 Ref: TMZ