Hugh Jackman, Michelle Williams, Zendaya, Zac Efron နှင့် Rebecca Ferguson တို့ပါဝင်ထားတဲ့ P.T. Barnum ရဲ့ အတ္ထုပ္ပတိ The Greatest Showman ဇာတ်ကားအတွက် ပိုစတာသစ်ကို 20th Century Fox က ထုတ်ပေးလိုက်ပါတယ်။
P.T. Barnum ရဲ့ စိတ်ကူးစိတ်သန်းကနေ လှုံဆော်လိုက်တဲ့ The Greatest Showman ဇာတ်ကားက show business ပေါ်ပေါက်လာပုံကို ချီးကျူးဂုဏ်ပြုထားပြီး ဗလာနတ္ထိကနေ ကမ္ဘာကျော် ပွဲလမ်းသဘင်တွေကို ဖန်တီးခဲ့တဲ့ စိတ်ကူးကောင်းသူတစ်ယောက်အကြောင်းကို ပြောပြထားတဲ့ original musical ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒီဇင်ဘာလ ၂၅ ရက်မှာ ပြသမှာဖြစ်ပါတယ်။
The Greatest Showman ကို ဒါရိုက်တာသစ် Michael Gracey ရိုက်ကူးထားပြီး သီချင်းတွေကိုတော့ အကယ်ဒမီဆုရှင် Benj Pasek နှင့် Justin Paul (La La Land) တို့က ရေးဖွဲ့ထားပါတယ်။
Hugh Jackman က The Greatest Showman ဇာတ်ကားကို Laurence Mark နှင့် Chernin Entertainment တို့နှင့်အတူ ထုတ်လုပ်ထားပါတယ်။ Michael Arndt (Toy Story 3, Star Wars: The Force Awakens), Jenny Bicks (Rio 2, Sex and the City) နှင့် Bill Condon (Dreamgirls, Beauty and the Beast) တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။
RII
#celebrity.thithtoolwin.com
Source: