Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jennifer Lawrence ပါဝင်ထားတဲ့ “mother!” ဇာတ်ကားနမူနာနှင့် ပိုစတာသစ် ထွက်ရှိလာ

Jennifer Lawrence ပါဝင်ထားတဲ့ “mother!” ဇာတ်ကားနမူနာနှင့် ပိုစတာသစ် ထွက်ရှိလာ

| No comment



ဇာတ်ညွှန်းနှင့် ဒါရိုက်တာ Darren Aronofsky (Requiem for a Dream, Black Swan) ရိုက်ကူးပြီး အကယ်ဒမီဆုရှင် Jennifer Lawrence (Silver Linings Playbook, American Hustle) နှင့် Javier Bardem (No Country for Old Men, Skyfall) တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “mother!” ဇာတ်ကားအတွက် နမူနာသစ်နှင့် ပိုစတာသစ်ကို Paramount Pictures က ဖော်ပြလိုက်ပါတယ်။

mother! (ဇာတ်ကားရဲ့ တရားဝင်အမည် အဖြစ် “m” စာလုံးအသေးနှင့် exclamation point တို့ပါဝင်ပါတယ်) ဇာတ်ကားမှာ စုံတွဲတစ်တွဲရဲ့ အိမ်ကို မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတဲ့အခါမှာတော့ သူတို့ရဲ့ ငြိမ်သက်နေတဲ့ ဘဝလေးကို နှောက်ယှက်ခံခဲ့ရပြီး သူတို့ရဲ့ ဆက်ဆံရေးကို စမ်းသပ်ခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းကို Rosemary ရဲ့ Baby ကနေ စိတ်ကူးရခဲ့တယ်ဆိုတဲ့ ကောလဟာသတွေလည်း ထွက်ရှိနေပါတယ်။

mother! ဇာတ်ကားမှာပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Michelle Pfeiffer (What Lies Beneath, Dark Shadows), Ed Harris (Snowpiercer, A Beautiful Mind) နှင့် Domhnall Gleeson (Ex Machina, Star Wars: The Force Awakens) နှင့် သူ့ညီ Brian Gleeson (Snow White and the Huntsman, Assassin’s Creed) တို့ဖြစ်ပါတယ်။

mother! ကို Aronofsky က ရေးသား၊ ရိုက်ကူးထားပြီး သူ့ရဲ့ကိုယ်ပိုင် Protozoa Pictures မှတဆင့် Scott Franklin နှင့် Ari Handel တို့နှင့်အတူ ထုတ်လုပ်ထားပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

   RII

  #celebrity.thithtoolwin.com

   source: Comingsoon