Deadline ရဲ့ သတင်းအရ Warner Bros. Pictures နှင့် DC က Joker Origin ဇာတ်ကား ရိုက်ကူးဖို့ အစောပိုင်း ဇာတ်လမ်းတည်ဆောက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဇာတ်ညွှန်းကို The Hangover ဒါရိုက်တာTodd Phillips က 8 Mile ဒါရိုက်တာ Scott Silver နှင့်အတူ ပူးတွဲရေးသားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Phillips က ရိုက်ကူးပြီး Martin Scorsese နှင့် Phillips က ထုတ်လုပ်မှာဖြစ်ပါတယ်။
Joker Origin ဇာတ်ကားက Warner Bros. ရဲ့ အမည်မပေးရသေးတဲ့ အဖွဲ့သစ်လက်အောက်မှာ ရိုက်ကူးမည့် ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့က DC Comics ကို ချဲ့ထွင်ပြီး မတူညီတဲ့ သရုပ်ဆောင်တွေက မတူညီတဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်ပြီး ထူးခြားတဲ့ ဇာတ်လမ်းတွေကို ဖန်တီးသွားမှာဖြစ်ပါတယ်။
Joker ဇာတ်ကောင်ကို အရင်က Batman ဇာတ်ကားထဲမှာ Jack Nicholson၊ The Dark Knight ဇာတ်ကားထဲမှာ Heath Ledger၊ Suicide Squad ဇာတ်ကားထဲမှာ Jared Leto တို့က သရုပ်ဆောင်ခဲ့ပါတယ်။ Jared Leto က ဒီဇာတ်ကောင်ကို Suicide Squad နောက်ဆက်တွဲ ဇာတ်လမ်းနှင့် Harley Quinn spinoff, Gotham City Sirens တို့မှာ ပြန်လည်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားသစ်မှာတော့ ပိုငယ်တဲ့ မင်းသားတစ်ယောက်က သရုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။
နောက်ထပ် သတိပြုရမှာတစ်ခုကတော့ ဇာတ်အိမ်အခြေတည်တာ ဖြစ်ပါတယ်။ “ရည်ရွယ်ချက်ကတော့ DC ဇာတ်ကားလို့ မခံစားရဘဲ အဲ့ဒီခေတ်က Scorsese ရဲ့ ဇာတ်ကားတွေဖြစ်တဲ့ Taxi Driver, Raging Bull နှင့် The King Of Comedy တို့လို ၈၀ ခုနှစ်အစောပိုင်း Gotham City မှာ အခြေပြုတဲ့ ကျစ်လျစ်ပြီး ကြမ်းကြုတ်တဲ့ မှုခင်းဇာတ်ကားကို ဖန်တီးဖို့ပါပဲ” လို့ Deadline က အခိုင်အမာပြောဆိုခဲ့ပါတယ်။
Joker Origin ဇာတ်ကားက ဘယ်တော့ထွက်လာမယ်ဆိုတာ မသိရသေးပေမယ့် Phillips နှင့် Silver တို့က ဇာတ်ညွှန်းရေးသားနေပါပြီ။
RII
#celebrity.thithtoolwin.com
Source: