Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justice League ဇာတ်ကား Concept Art ထဲမှာ တွေ့ရသည့် Batman ၏ Flying Fox

Justice League ဇာတ်ကား Concept Art ထဲမှာ တွေ့ရသည့် Batman ၏ Flying Fox

| No comment







Batman ၏ Flying Fox ပုံအပြည့်အစုံကို Justice League ဇာတ်ကား Concept Art သစ်ထဲမှာ Entertainment Weekly က ဖော်ပြလိုက်ပါတယ်။ အဖွဲ့ နှင့် Batmobile လို ယာဉ်တွေကို ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်နိုင်အောင် တည်ဆောက်ထားတဲ့ ယာဉ်ပျံကြီးကို ဒီဇာတ်ကားသစ်အတွက် အထူးဖန်တီးထားတာဖြစ်ပါတယ်။ ထွက်ရှိပြီးသား ဇာတ်ကားနမူနာထဲမှာလည်း Flying Fox ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။
“Flying Fox ရဲ့ အောက်ပိုင်းမှာ Batmobile ၃ စီးလောက် ထည့်လို့ရတယ်။

 ကျွန်တော်က ကျစ်လျစ်ကြော့မော့နေတဲ့ လေယာဉ်ပျံ မလုပ်ချင်လို့ပါ။ အရမ်းအမြင်ဆန်းသစ်တဲ့ အထူးခြားဆုံးဖြစ်ဖို့ လိုအပ်တယ်လေ။ ဂျက်လေယာဉ်လို အလွယ်တကူ မောင်နှင်ထိန်းချုပ်လို့ရရမယ် ဒါပေမယ့် ပစ္စည်းတွေလည်း တကယ်သယ်ယူလို့ရရမယ်။ အောက်ထပ်က Batmobile ရှိနေတဲ့ ပစ္စည်းထားတဲ့ နေရာကျယ်ကြီးပေါ့။ ဒုတိယထပ်ကတော့ ကွန်ပြူတာပစ္စည်းတွေထားတဲ့ cultural center လိုနေရာမျိုးပေါ့။

တတိယထပ်ကတော့ လေယာဉ်မှူးအခန်းပေါ့။ ဘယ်အထပ်မှာ ရောက်နေပါစေ ကျန်တဲ့၂ထပ်ကို မြင်နေရတယ်” လို့ production designer Patrick Tatopoulos (Batman v Superman) က ပြောပြခဲ့ပါတယ်။
Justice League ဇာတ်ကားမှာ Ben Affleck က Batman အဖြစ်၊ Henery Cavill က Superman အဖြစ်၊ Gal Gadot က နှင့် Wonder Woman အဖြစ်၊ Jason Mamoa က Aquaman အဖြစ်၊ Ezra Miller က The Flash အဖြစ်၊ Ray Fisher က Cyborg အဖြစ်၊ Wilem Dafoe က Nuidis Vulko အဖြစ်၊ Jesse Eisenberg က Lex Luthor အဖြစ်၊ Jeremy Irons က Alfred Pennyworth အဖြစ်၊ Diane Lane က Martha Kent  အဖြစ်၊ Connie Nielsen က Queen Hippolyta အဖြစ်၊ Billy Crudup က Henry Allen အဖြစ်၊ Amber Heard ကMera အဖြစ်၊ Kierset Clemons က Iris West အဖြစ်နှင့် J.K.  Simmon က Commissioner Gordon အဖြစ်၊ Amy Adams က Lois Lane အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။

Snyder နှင့် Terrio တို့ရဲ့ ဇာတ်လမ်းကို Chris Terrio က ဇာတ်ညွှန်းရေးသားထားပြီး Zack Synder (Batman v Superman: Dawn of Justice, Man of Steel) က ရိုက်ကူးမှာဖြစ်ပါတယ်။ Synder ရဲ့ မိသားစုကိစ္စကြောင့် နောက်ဆက်တွဲဇာတ်ကားရဲ့ additional photography  နှင့် post production ပြီးစီသွားတဲ့အထိ Joss Whedon က တာဝန်ယူသွားမှာဖြစ်ပါတယ်။ Justice League ဇာတ်ကားရဲ့ ပရိုဂျူဆာတွေကတော့ Charles Roven, Deborah Snyder, Jon Berg နှင့် Geoff Johns တို့ဖြစ်ပါတယ်။ အမှုဆောင် ပရိုဂျူဆာတွေကတော့ Jim Rowe, Wesley Coller, Curt Kanemoto, Chris Terrio နှင့် Ben Affleck တို့ဖြစ်ပါတယ်။

Justice League ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာပြသမှာဖြစ်ပါတယ်။

RII


#celebrity.thithtoolwin.com

Source:  Comingsoon