Justice League ဇာတ်ကားအတွက် Promo ဓာတ်ပုံသစ်များက ၂၀၁၈ ခုနှစ် ပြက္ခဒိန်နှင့်အတူ ထွက်ရှိလာပြီး Mera အဖြစ်သရုပ်ဆောင်ထားတဲ့ Amber Heard ရဲ့ Promo ဓာတ်ပုံတစ်ပုံလည်း ထွက်ရှိလာပါတယ်။
ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။
Snyder နှင့် Terrio တို့ရဲ့ ဇာတ်လမ်းကို Chris Terrio က ဇာတ်ညွှန်းရေးသားထားပြီး Zack Synder (Batman v Superman: Dawn of Justice, Man of Steel) က ရိုက်ကူးမှာဖြစ်ပါတယ်။ Synder ရဲ့ မိသားစုကိစ္စကြောင့် နောက်ဆက်တွဲဇာတ်ကားရဲ့ additional photography နှင့် post production ပြီးစီသွားတဲ့အထိ Joss Whedon က တာဝန်ယူသွားမှာဖြစ်ပါတယ်။ Justice League ဇာတ်ကားရဲ့ ပရိုဂျူဆာတွေကတော့ Charles Roven, Deborah Snyder, Jon Berg နှင့် Geoff Johns တို့ဖြစ်ပါတယ်။ အမှုဆောင် ပရိုဂျူဆာတွေကတော့ Jim Rowe, Wesley Coller, Curt Kanemoto, Chris Terrio နှင့် Ben Affleck တို့ဖြစ်ပါတယ်။
Justice League ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာပြသမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Source: