Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justin Bieber ၏ သီချင်းသစ် 'Friends' ထွက်ရှိလာ

Justin Bieber ၏ သီချင်းသစ် 'Friends' ထွက်ရှိလာ

| No comment


Justin Bieber ပြန်ရောက်လာပါပြီ။ ပြီးတော့ သူက သင့်ရဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ အနည်းဆုံးတော့ ဩဂုတ်လ ၁၇ ရက်က ထွက်ရှိလာတဲ့ Purpose အဆိုတော်နှင့် BloodPop  တွဲဖက်သီဆိုထားတဲ့ အကသီချင်းသစ် 'Friends' ရဲ့ ဆိုလိုရင်းက အဲ့ဒီသဘောပါပဲ။

သီချင်းစာသားတွေမှာ Bieber က ရည်စားဟောင်းနှင့် သူငယ်ချင်းတွေလို ဆက်နေဖို့ တမ်းတနေပေမယ့် သီချင်းရဲ့ ဖျတ်လတ်သွက်လက်တဲ့ အီလက်ထရွန်းနစ် တီးလုံးတွေက ပျော်စရာကောင်းတဲ့ သီချင်းတစ်ပုဒ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် နားဆင်သူကို အရူးလုပ်နိုင်ပါတယ်။ သီချင်းရဲ့ တက်ကြွတဲ့ ခွန်အားကြောင့် "Can we be friends" ဆိုတဲ့ Bieber ရဲ့ တောင်းဆိုမှုကို မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ ပုံစံမျိုးမဖြစ်စေဘဲ ပိုပြီးမျှော်လင့်ချက်ရှိတဲ့ ပုံစံမျိုးဖြစ်စေပါတယ်။

Julia Michaels နှင့် Justin Tranter တို့ တွဲဖက်ရေးသားထားတဲ့ ဒီသီချင်းအတွက် Bieber က နာမည်ကျော်သီချင်း "Sorry" အပါအဝင် Purpose အယ်လ်ဘမ်ထဲက သီချင်းများစွာကို ထုတ်လုပ်ပေးခဲ့ပြီး ရေရှည်လက်တွဲခဲ့တဲ့ BloodPop နှင့် ပြန်လက်တွဲခဲ့ပါတယ်။

Major Lazer နှင့် MØ တို့နှင့် တွဲဖက်သီဆိုထားတဲ့ "Cold Water" ၊ DJ Snake နှင့် တွဲဖက်သီဆိုထားတဲ့ "Let Me Love You" ၊ Luis Fonsi နှင့် Daddy Yankee တို့နှင့် တွဲဖက်သီဆိုထားတဲ့ "Despacito (Remix)" ၊ DJ Khaled, Chance the Rapper, Quavo နှင့် Lil Wayne တို့နှင့် တွဲဖက်သီဆိုထားတဲ့ "I'm the One" ၊ David Guetta နှင့် တွဲဖက်သီဆိုထားတဲ့ "2U" သီချင်းတွေရဲ့အပြီးမှာ 'Friends' က နောက်ဆုံးထွက်ရှိလာတာဖြစ်ပါတယ်။

Bieber က သီချင်းသစ်ထွက်ရှိမည့်အကြောင်းကို ငှက်နှစ်ကောင်က တီကောင်တစ်ကောင်ကို လုနေတဲ့ အဖြူအမည်း ရုပ်ပုံ artwork နှင့်အတူ Twitter မှာ ဩဂုတ်လ ၁၄ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ သတိမထားမိလိုက်တာကတော့ Bieber က အဲ့ဒီထက်တစ်ရက်ပိုစောပြီး "Can we be friends" ဆိုတဲ့ စာသားကို Twitter မှာ ရေးသားပြီး အရိပ်အမြွက်ပေးခဲ့တာကိုပါ။

'Friends' က စံချိန်တွေ ချိုးနေတဲ့ Bieber ရဲ့ "Despacito" ကို Billboard Hot 100 charts နံပါတ် ၁ နေရာက ဖြုတ်ချနိုင်မည့် သီချင်းဖြစ်မလာဆိုတာ သိချင်စရာပါပဲ။ ဒီလိုဖြစ်မယ်ဆိုရင်တော့ "I'm the One" ရဲ့ နံပါတ် ၁ နေရာကို "Despacito" က ယူလိုက်တုန်းကလို Bieber က ထိပ်ဆုံးနေရာကို သူ့သီချင်းနှင့်သူ အစားထိုလိုက်နိုင်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

ဒါပေမယ့် အခုချိန်မှာ Beliebers တွေအတွက် အကြီးမားဆုံး မေးခွန်းကတော့ 'Friends' က အယ်လ်ဘမ်သစ်ထဲမှာပါဝင်မည့် သီချင်းသစ်တစ်ပုဒ် ဖြစ်မလာဆိုတာပါပဲ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ထွက်ထားတဲ့ Purpose အယ်လ်ဘမ်က ၂ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အယ်လ်ဘမ်ရဲ့ ထုတ်လုပ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Poo Bear က အဆိုတော်ဆီက “သီချင်းသစ်တွေ ထွက်လာဖို့ အချိန်တန်ပြီ” လို့  Billboard ကို မကြာသေးခင်က သဲလွန်စပေးသွားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ "Despacito" remix က Hot 100 ရဲ့ ၉၅ နှစ်ကြာ သမိုင်းကြောင်းမှာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ ဒုတိယမြောက် သီးချင်အဖြစ် မကြာသေးခင်က ပူးတွဲရရှိခဲ့တာကြောင့် Bieber အတွက် အောင်မြင်တဲ့ နွေရာသီဖြစ်နေပါပြီ။ ဇူလိုင်လက Purpose World Tour ရဲ့ ကျန်ရှိနေတဲ့ ရက်တွေကို ဖျက်သိမ်းခဲ့သော်လည်း ၁၆ လ ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်မှာ လက်မှတ်ရောင်းချငွေ အမေရိကန်ဒေါ်လာ သန်း၂၅၀ ကျော် ရရှိခဲ့ပါတယ်။



RII

#celebrity.thithtoolwin.com

Source: Billboard