Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရာဇဝင်ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းနှင့် ခေတ်သစ်ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းကြားက ကွာခြားချက်တွေကိုပြောပြတဲ့ Lee Joon Gi

ရာဇဝင်ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းနှင့် ခေတ်သစ်ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းကြားက ကွာခြားချက်တွေကိုပြောပြတဲ့ Lee Joon Gi

| No comment




Lee Joon Gi က ရာဇဝင်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခြင်းနှင့် ခေတ်သစ်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခြင်းတို့ရဲ့ ခြားနားချက်ကို ဇူလိုင်လ ၂၆ ရက်က ထုတ်လွှင့်ခဲ့တဲ့  Naver V Live မှာ ပြောပြခဲ့ပါတယ်။
“ရာဇဝင်ဇာတ်လမ်းတွဲတွေမှာက သေချာသတ်မှတ်ထားတဲ့ စာသားတွေပါတော့ လွတ်လွတ်လပ်လပ် လက်တန်းပြောလို့မရဘူးပေါ့။ တစ်ဖက်ကကြည့်တော့လည်း ခေတ်သစ်ဇာတ်လမ်းတွဲတွေက ကျွန်တော် အခုလက်ရှိရောက်နေတဲ့ခေတ်မှာ ဖြစ်ပွားတာဆိုတော့ ကျွန်တော့က ပိုပြီးသဘာဝကျကျလုပ်နိုင်တာပေါ့” လို့ မင်းသားက ရှင်းပြပါတယ်။

“ရိုက်ကွင်းတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းရတဲ့ အချိန်လည်းသက်သာပြီး အဲကွန်းထဲမှာ အလုပ်လုပ်လို့ရတာကို အရာအားလုံးထက်ပိုပြီးတော့ သဘောကျပါတယ်” လို့ Lee Joon Gi က အပြုံးလေးနှင့် ပြောပြခဲ့ပါတယ်။

မင်းသားက “ဇာတ်လမ်းတွဲတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လွှင့်တော့မယ်ဆိုရင် အမြဲတမ်း တော်တော်လေး စိတ်ဖိစီးတယ်။ စိတ်လှုပ်ရှားတာက တစ်ဝက်၊ စိတ်ဖိစီးတာက တစ်ဝက်ဆိုပေမယ့် ကျွန်တော်ကတော့ စိတ်ဖိစိတဲ့အပိုင်းကို ပိုခံစားမိတယ်” လို့လည်း အသစ်ထုတ်လွှင့်မည့် “Criminal Minds” ဇာတ်လမ်းတွဲနှင့် ပတ်သက်တဲ့ သူ့ခံစားချက်ကို ပြောပြသွားပါတယ်။

tvN က ထုတ်လွှင့်မည့် “Criminal Minds” ဇာတ်လမ်းတွဲက အမည်တူ အမေရိကန်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 13 season ကြာမြင့်တဲ့ နာမည်ကျော် အမေရိကန်ဇာတ်လမ်းတွဲကို ပြန်ရိုက်တယ်ဆိုတာ မလွယ်ကူပါဘူး။

Lee Joon Gi က ကြိုးစားအားထုတ်မှုနှင့် ပတ်သက်ပြီးတော့ “မူရင်းဇာတ်လမ်းတွဲ ရှိနေတာကြောင့် ဝန်လေးမိတာတော့ သဘာဝပါပဲ။ ဒါပေမယ့် မူရင်ဇာတ်လမ်းအတိုင်း အတိအကျတူအောင် လုပ်ဖို့မကြိုးစားပဲ ကိုရီးယားခံစားချက်ကို ပေါင်းထည့်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ထားပါတယ်။ အမေရိကန်ဇာတ်လမ်းနှင့် ကိုရီးယားဇာတ်လမ်းကြားက ခံစားမှုကွာဟချက်ကို ကိုရီးယားနဲ့သင့်တော်တဲ့ စကားပြောဟန်တွေ၊ ကိုရီးယားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဖြည့်စွက်ဖို့ ကြိုးစားထားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွဲကို သက်သောင့်သက်သာ ကြည့်ကြပါ” လို့ ပြောပြထားပါတယ်။

“Criminal Minds” ဇာတ်လမ်းတွဲက ကွင်းဆက်လူသမားကို ဖမ်းဆီးဖို့အတွက် ရာဇဝတ်သားရဲ့ စိတ်သဘောထားကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာရတဲ့ အေးဂျင့်အဖွဲ့တစ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဇူလိုင်လ ၂၆ ရက်က ပထမဆုံး စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

       RII

      #celebrity.thithtoolwin.com

        Ref :Soompi