Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Leonardo da Vinci အထုပ္ပတ္တိ ရုပ်ရှင်မှာ သရုပ်ဆောင်မည့် Leonardo DiCaprio

Leonardo da Vinci အထုပ္ပတ္တိ ရုပ်ရှင်မှာ သရုပ်ဆောင်မည့် Leonardo DiCaprio

| No comment


နာမည်ကျော် Leonardo တစ်ယောက်က နောက်တစ်ယောက်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။
နာမည်ကျော် ပန်ချီဆရာနှင့် သိပ္ပံပညာရှင်အကြောင်း ရိုက်ကူးထားတဲ့ အထုပ္ပတ္တိ ရုပ်ရှင်မှာ Leonardo DiCaprio က Leonardo da Vinci အဖြစ် သရုပ်ဆောင်မှာပါ။

ဒီသတင်းကို ပထမဆုံးတင်ဆက်ခဲ့တဲ့ Deadline ရဲ့ ပြောပြချက်အရ Walter Isaacson က da Vinci အကြောင်း ရေးသားထားပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အတွက် အကြိတ်အနယ် ဈေးပြိုင်ပေးရာမှာ Paramount Pictures က Universal ကို အနိုင်ရပြီး မူပိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို DiCaprio က သူ့ရဲ့ Appian Way အဖွဲ့အစည်းအောက်မှာ Appian ရဲ့ ထုတ်လုပ်ရေး ဥက္ကဠ Jennifer Davisson နှင့်အတူ ထုပ်လုပ်သွားမှာဖြစ်ပါတယ်။

မိသားစုရဲ့ ပုံပြင်အရ DiCaprio ကို ကိုယ်ဝန်ဆောင်ထားစဉ်မှာ မိခင် Irmalin DiCaprio က Florence, Italy နိုင်ငံမှာရှိတဲ့ Uffizi Gallery မှာ da Vinci ရဲ့ ပန်ချီကားကို ကြည့်နေတုန်း ဗိုက်ထဲက သားလေး လှုပ်ရှားနေတာကို ခံစားလိုက်ရတဲ့အတွက် ဒီနာမည်ကို အစွဲပြုပြီးပေးထားတာဖြစ်လို့ သူ့ကို သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာက ကိုက်ညီနေပါတယ်။

Isaacson က ၂၀၁၅ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Danny Boyle ရိုက်ကူးပြီး Michael Fassbender သရုပ်ဆောင်ထားတဲ့ Steve Jobs နောက်ကွယ်က ရောင်းအားအကောင်းဆုံး စာရေးဆရာဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Einstein: His Life and Universe စာအုပ်ကို National Geographic ဇာတ်လမ်းတွဲ Genius အဖြစ် မကြာသေးခင်က ရိုက်ကူးခဲ့ပါတယ်။ Leonardo da Vinci စာအုပ်ကို အောက်တိုဘာလမှာ ထုတ်ဝေမှာဖြစ်ပါတယ်။


RII


#celebrity.thithtoolwin.com

Source: EW