Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Madame Tussauds ပြတိုက်တွင် EXO အဖွဲ့ဝင် Lay ၏ ဖယောင်းရုပ်ထားရှိမည်

Madame Tussauds ပြတိုက်တွင် EXO အဖွဲ့ဝင် Lay ၏ ဖယောင်းရုပ်ထားရှိမည်

| No comment


EXO အဖွဲ့ဝင် Lay က ကိုယ်ပိုင် ဖယောင်းရုပ် ရရှိတော့မှာဖြစ်ပါတယ်။Lay ၏ ဖယောင်းရုပ်ကို ဖန်တီးသွားမှာဖြစ်ကြောင်း ဘေဂျင်းမြို့မှာရှိတဲ့ Madame Tussauds ဖယောင်းရုပ်ပြတိုက်က ဩဂုတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ သူက ဖယောင်းရုပ်ရရှိတဲ့ ပထမဆုံး EXO အဖွဲ့ဝင်ဖြစ်ပြီး TVXQ နှင့် Super Junior အဖွဲ့ဝင် Choi Siwon တို့နောက်ပိုင်းမှာ တတိယမြောက် SM Entertainment အနုပညာရှင်ဖြစ်လာမှာပါ။

EXO အဖွဲ့ဝင် Lay က တရုတ်နိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ရင်း အရည်အချင်းတွေကို ပြသလျက်ရှိပါတယ်။ Madame Tussauds ပြတိုက်က အနုပညာရှင်တွေကို အထူးသတ်မှတ်ချက်တွေထားပြီး ရွေးချယ်လေ့ရှိတယ်လို့ လူသိများတာကြောင့် Lay က တရုတ်နိုင်ငံမှာ သူ့ရဲ့ ကျော်ကြားမှုနှင့် လွှမ်းမိုးမှုကို သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

Madame Tussauds ဖယောင်းရုပ်ပြတိုက်က သူ့ရဲ့ ဖယောင်းရုပ်ကို စက်တင်ဘာလ ၈ ရက်မှာ ပြသဖို့ စီစဉ်ထားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi