Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel’s The Punisher ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

Marvel’s The Punisher ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

| No comment



Marvel’s The Defenders ကို Netflix မှာ ပွဲဦးထွက်ပြသပြီးနောက်မှာ Marvel’s The Punisher ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာပါတယ်။

Jon Bernthal က Marvel’s Daredevil ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ဇာတ်ကောင် Frank Castle အဖြစ်ပြန်လည်သရုပ်ဆောင်ထားပြီး လူသစ်တွေဖြစ်တဲ့ Ben Barnes က အထူးတပ်ဖွဲမှာတုန်းက Frank Castle ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပြီး “Anvi” လို့ ခေါ်တဲ့ အောင်မြင်တဲ့ private military corporation ကို တည်ထောင်ထားသူ Billy Russo (the civilian name of the villain Jigsaw) အဖြစ်၊ Ebon Moss-Bachrach က NSA သရုပ်ခွဲလေ့လာသူဟောင်း Micro အဖြစ်သရုပ်ဆောင်ထားပြီး သူ့ရဲ့ လျှို့ဝှက်ချက်တွေက Frank Castle နှင့် သူ့နားတစ်ဝိုက်က လူတွေအတွက် အလွန်တန်ဖိုးရှိလာနိုင်ပါတယ်။ Amber Rose Revah (Indian Summers, Son of God) က အဆင့်မြင့်လေ့ကျင့်ထားတဲ့ Homeland Security အေးဂျင့်ဖြစ်ပြီး the Punisher ကြောင့် စိတ်တိုနေရတဲ့ Dinah Madani အဖြစ်သရုပ်ဆောင်ထားပါတယ်။

နောက်ထပ်ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Daniel Webber (11.22.63) က အရပ်သားလူ့အဖွဲ့အစည်းထဲမှာ ပြန်လည်နေသားကျဖို့ ခက်ခဲနေတဲ့ လူငယ်စစ်မှုထမ်းဟောင်း Lewis Walcott အဖြစ်၊ Jason R. Moore (A Lonely Place for Dying) က Frank Castle ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး သူအသက်ရှင်နေကြောင်းသိထားတဲ့ လူနည်းစုထဲက တစ်ယောက်ဖြစ်တဲ့ Curtis Hoyle အဖြစ်၊ Paul Schulze (Nurse Jackie) က Afghanistan မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးမှာ Frank Castle နှင့်ဆုံခဲ့တဲ့ CIA အဆင့်မြင့်အရာရှိ Rawlins အဖြစ်၊ Jaime Ray Newman (Bates Motel) က လက်ထပ်လိုက်တာကြောင့် သူ့ဘဝက ပိုရှုပ်ထွေးလာတဲ့ Micro ရဲ့ ဇနီးသည် Sarah Lieberman အဖြစ်၊ Michael Nathanson (The Knick, Wolf of Wall Street) က Dinah (Amber Rose  Revah) နှင့် ပူးပေါင်းထားတာကြောင့် စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရတဲ့ Homeland အေးဂျင့် Sam Stein အဖြစ်တို့ဖြစ်ပါတယ်။

Marvel’s The Punisher ဇာတ်လမ်းတွဲက Marvel Television နှင့် Netflix တို့ရဲ့ ပူးပေါင်းထုတ်လုပ်မှုဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ Marvel’s Daredevil, Marvel’s Jessica Jones နှင့် Marvel’s Luke Cage, Marvel’s Iron Fist ဇာတ်လမ်းတွဲတွေကတော့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ လူစွမ်းကောင်းတွေအားလုံးက အခုတော့ Marvel’s The Defenders ဇာတ်လမ်းတွဲတိုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Steve Lightfoot က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားတဲ့ The Punisher ဇာတ်လမ်းတွဲကို ၂၀၁၇ ခုနှစ်ထဲမှာ ပြသသွားမှာဖြစ်ပါတယ်။


   Bruce

  #celebrity.thithtoolwin.com

  Source: comingsoon