Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Miley Cyrus ၏ “Younger Now” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

Miley Cyrus ၏ “Younger Now” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

| No comment


Miley က သူမရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ သီချင်းမှာ မူလမျိုးရိုးဇစ်မြစ်ကို ပြန်သွားထားပါတယ်။
Disney မင်းသမီးတဖြစ်လဲ country အဆိုတော်-pop အဆိုတော်-hip-hop အဆိုတော်က သူမရဲ့ ၆ ခုမြောက် စတူဒီယိုအယ်လ်ဘမ် “Younger Now” ထဲက ခေါင်းစီးသီချင်းကို သောကြာနေ့က ဖြန့်ချိခဲ့ပြီး ၅၀ ခုနှစ်လွန်က country သီချင်းပုံစံ သီချင်းဗီဒီယိုလည်း ထွက်ရှိလာပါတယ်။ သီချင်းထဲမှာ သူမရဲ့ ပြောင်းလဲလာတဲ့ သီချင်းစတိုင်ကို “What goes up must come down. No one stays the same. Change is a thing you can count on.” လို့ ရည်ညွှန်းထားဟန်တူပါတယ်။

အယ်လ်ဘမ်သစ်ထဲက တတိယမြောက် သီချင်းဖြစ်တဲ့ “Younger Now” အတွက် ဗီဒီယိုကတော့ သူ့မရဲ့ သီချင်းတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေပေးခဲ့တယ်လို့ Cyrus က ပြောပြခဲ့တဲ့ Elvis Presley ကို ဂါရဝပြုထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Cyrus က ရှုပ်ထွေးတဲ့ စိမ်းပြာရောင် လက်ရှည် ကော်လံထောင် အင်္ကျီနှင့် ဘောင်းဘီရှည် တစ်ဆက်တည်းဝတ်စုံ ဝတ်ဆင်ထားကာ ဆံပင်ကို နောက်လှန်ဖီးထားပြီး Presley ပုံစံကို အတုခိုးထားပါတယ်။ သူမက တခြား country icons တွေဖြစ်တဲ့ Johnny Cash နှင့် Porter Wagoner ပုံစံကိုလည်း ပြန်လည်အမှတ်ရထားပါတယ်။

Cyrus က Elvis ပုံစံဝတ်ဆင်ထားတဲ့ Younger Now ရဲ့ cover art ကိုလည်း Instagram မှာ တင်ခဲ့ပြီး အယ်လ်ဘမ် track list ကိုလည်း မျှဝေခဲ့ပါတယ်။

1. “Younger Now”
2. “Malibu”
3. “Rainbowland” (ft. Dolly Parton)
4. “Week Without You”
5. “Miss You so Much”
6. “I Would Die for You”
7. “Thinkin'”
8. “Bad Mood”
9. “Love Someone”
10. “She’s Not Him”
11. “Inspired”
Younger Now အယ်လ်ဘမ်က စက်တင်ဘာလ ၂၉ ရက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: EW