Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရုပ်ရှင်နှင့်သရုပ်ဆောင် အေးမြတ်သူမှ ၎င်း၏ ခရီးသွားအစီအစဉ်ရိုက်ကူးစဉ်က ခရီးသွားအတွေ့အကြုံများကို ပြန်လည် ဝေမျှခဲ့သည့် Myanmar Plaza Travels & Tourism Fair 2017

ရုပ်ရှင်နှင့်သရုပ်ဆောင် အေးမြတ်သူမှ ၎င်း၏ ခရီးသွားအစီအစဉ်ရိုက်ကူးစဉ်က ခရီးသွားအတွေ့အကြုံများကို ပြန်လည် ဝေမျှခဲ့သည့် Myanmar Plaza Travels & Tourism Fair 2017

| No comment





 သတင်းထုတ်ပြန်ချက် ။       ။ ရန်ကုန် ၊  သြဂုတ် ၊ ၂၄ ။

သြဂုတ်လ ပထမအပတ်အတွင်း ကျင်းပခဲ့သည့် Myanmar Plaza Travels and Tourism Fair 2017 ပြပွဲတွင် ရုပ်ျရှင်နှင့်သရုပ်ဆောင် အေးမြတ်သူမှ ၎င်း၏ ခရီးသွားဖြစ်သည့် “Expedition Myanmar” ရိုက်ကူးစဉ်က အတွေ့အကြုံများကို ပြပွဲသို့လာရောက်သူများအား ရင်းနှီးစွာ ပြန်လည်ဝေမျှခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပြပွဲကို အွန်လိုင်းမှတစ်ဆင့်ခရီးသွားဝန်ဆောင်မှုများ ပေးလျက်ရှိသည့် Flymya.com မှ အဓိကကြီးမှူး၍ ရည်ရွယ်၍ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

Myanmar Plaza Travels and Tourism 2017 ပြပွဲသည် ခရီးသွားလာရခြင်းအပေါ် ခုံမင်နှစ်သက် ကြသူများအတွက် လေကြောင်လိုင်းများကို ဥပရောပနှင့်အာရှ နိုင်ငံများသို့ တစ်နေရာထဲတွင် အသက်သာဆုံးသော နှုန်းထားများဖြင့် လွယ်ကူစွာ သွားရောက်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ပြပွဲတွင် ရုပ်ရှင်နှင့်သရုပ်ဆောင် အေးမြတ်သူ မှ ၎င်း၏ ခရီးသွား အစီအစဉ်ရိုက်ကူးစဉ်က ခရီးသွားရင်း တွေ့ကြုံခဲ့ရသည့် ခရီးသွားအတွေ့အကြုံများကို ပြပွဲသို့ လာရောက်သူများအား ဝေမျှခဲ့သလို နာမည်ကြီး ခရီးသွား Blogger များဖြစ်သော Nu Myat (Around the world) ၊ Htoo (The Wonderlust) ၊ Thiha (The Traveller) ၊ Travel by Naw Htike နှင့် Hein တို့မှလည်း ၎င်းတို့၏ ဗဟုသုတရဖွယ်ရာ ခရီးသွားဆောင်းပါး များနှင့် အတွေ့အကြုံများကို ပြန်လည်ကာ ဝေမျှပေးခဲ့သည်။

ပြပွဲအတွင်း ပြည်ပခရီးစဉ်များအနေဖြင့် Journey to The West (Europe, UK Tour)၊ Culture & Spiritual Experience (Nepal, Bhutan, India)၊ Explore the Asia’s Hidden Gem (Cambodia, Vietnam, Laos)၊ Snow and Islands (Japan, Korea)၊ Amusement & Shopping (Singapore, Thailand, Malaysia) စသည့် ခရီးစဉ်များ ပါဝင်ခဲ့ပြီး ပြည်တွင်းခရီးစဉ်များအတွက်  Chill & Relax (Chaung Tha, Ngwe Saung, Ngapali, Kaw Thaung )၊ Culture Tour (Mrauk U, Bagan, Mandalay, Pyay ) နှင့် Trekking Tour (Kalaw, Kyaik Htee Yoe, Hsibaw, Chin State) အစရှိသဖြင့် ခေါင်းစဉ်များခွဲခြားကာ ပြပွဲသို့လာရောက်သူများ အဆင်ပြေစွာ ရွေးချယ်နိုင်ရန် Flymya.com မှ ခေါင်းစဉ် အလိုက် သီးသန့် ပြင်ဆင်ပြုလုပ်ပေးထားခဲ့သည်။

Myanmar Plaza Travels and Tourism 2017 ကို လူငယ်များအများဆုံး စိတ်ဝင်စား လာရောက်ခဲ့ကြပြီး ယခုနှစ် ခရီးသွားရာသီအစအတွက် အာရှနိုင်ငံတွင်း ခရီးစဉ်များကို စိတ်ဝင်စားမှု ပိုမိုရှိခဲ့သလို သွားရောက်လည်ပတ်ရန် အတွက်လည်း ခရီးစဉ်အစီအစဉ်များအား ကြိုတင်ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရရှိရသည်။ ထို့ပြင် ယခင်နှစ်က ခရီးသွားရာသီများ၌ သွားရောက်မှုများခဲ့သည့် အာရှနိုင်ငံတွင်း ခရီးစဉ်များတွင် ဂျပန် ၊ ကိုရီးယား ၊ စင်ကာပူ ၊ ထိုင်း နှင့် မလေးရှား အစရှိသည့်နိုင်ငံများအပြင် ယခုနှစ်တွင် နီပေါ ၊ ဘူတန် ၊ အိန္ဒိယ ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ လာအို အစရှိသည့် ခရီးစဉ်များကိုပါ စိတ်ဝင်စား မှုရှိခဲ့ပြီး ခရီးသွားရောက်ရန် ကြိုတင်ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

Myanmar Plaza Travel and Tourism Fair 2017 ကိုဦးစီကျင်းပခဲ့သော ခရီးသွားဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်ဖြစ်သည့် Flymya.com သည် မြန်မာနိုင်ငံတွင် ပထမဆုံး အင်တာနက်မှ လွယ်ကူစွာ ခရီးသွားလာနိုင်မည့် ခရီးသွားလာခြင်းဆိုင်ရာ ဝန်ဆောင်မှု ပလက်ဖောင်းလည်းဖြစ်သည်။ ထို့ပြင် ခရီးသွားသူများ ပိုမိုအဆင်ပြေစွာ ခရီးသွားလာနိုင်ရန် လေကြောင်းလိုင်းလက်မှတ်များ ဝန်ဆောင်မှုပေးသည့် အပြင် ခရီးသွားအစီအစဉ်များ စီစဉ်ခြင်း ၊ ဟိုတယ်အခန်းများကြိုတင်ငှားရမ်းခြင်း ၊ ကားအငှား ဝန်ဆောင်မှုများအပြင် ၊ မိုးပျံပူပေါင်းစီးနင်းနိုင်ရန်အတွက် ကြိုတင်လက်မှတ်များမှာယူသည့် ဝန်ဆောင်မှု များကိုပါ တစ်နေရာထဲတွင်ရရှိနိုင်မည့် အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ ပြည်တွင်းလေကြောင်း လိုင်း (၉) ခုနှင့် နိုင်ငံတကာလေကြောင်းလိုင်း (၇) ခုတို့၏ Authorized Passengers Sale Agents ဖြစ်ပြီး ပြည်တွင်းခရီးသွား ဝန်ဆောင်မှုလုပ်ငန်း (၂၀၀) ကျော်နှင့် ချိတ်ဆက်လုပ်ကိုင်ကာ ၂၄ နာရီ ၇ ရက် လုံး ဝန်ဆောင်မှုရရှိနိုင်ကြောင်း သိရှိရသည်။

Myanmar Plaza Travels and Tourism 2017 ကို သြဂုတ်လ (၅)ရက်နေ့ နှင့် (၆)ရက်နေ့များတွင် မြန်မာပလာဇာ၌ နံနက် (၉) နာရီ မှ ညနေ (၉) နာရီအထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ပြပွဲကို Myanmar Plaza မှ Venue Sponsor အဖြစ် အဓိကကူညီဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး Main Sponsor များအဖြစ် အာရှဖွံ့ဖြိုးမှု စိမ်းလန်းရေးဘဏ်လီမိတက် (AGD Bank) နှင့် FNI အာမခံကုမ္ပဏီတို့က ပူးပေါင်းပါဝင်ထားခြင်းဖြစ်သည်။ ထို့အပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြသည့်  Europe Asia Travel၊ Shwe Khin Lan၊ Go & Go၊ Asia Central Link၊ Good to Go၊ Esperado နှင့် Golden Express တို့က Flymya.com နှင့် အတူတူ ပူးပေါင်းပါဝင်ပြသခဲ့ကြသည်။


 George HtetMyat

#celebrity.thithtoolwin.com

 Source : Digital Minds