Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Olaf’s Frozen Adventure ဇာတ်ကား ပိုစတာသစ် ထွက်ရှိလာ

Olaf’s Frozen Adventure ဇာတ်ကား ပိုစတာသစ် ထွက်ရှိလာ

| No comment

Walt Disney Animation Studio က နိုဝင်ဘာလမှာ US မှာရုံတင်ပြသမည့် Disney/Pixar ရဲ့ Coco ဇာတ်ကားရှေ့မှာ ပြသမည့် Olaf's Frozen Adventure ဇာတ်ကားအတွက် ပိုစတာသစ်ကို ဖော်ပြလိုက်ပါတယ်။

မူရင်းသီချင်းသစ် ၄ ပုဒ်ပါဝင်ပြီး ပြသချိန် ၂၁ မိနစ်ကြာမြင့်မည့် ဒီဇာတ်လမ်းတိုလေးက Anna (Kristen Bell), Elsa (Idina Menzel) နှင့် Kristoff (Jonathan Geoff) တို့အတွက် အားလပ်ရက်ပွဲတော်ကို ဆင်နွှဲတဲ့ အကောင်းဆုံး ရိုးရာကို ရှာဖွေပေးဖို့ တာဝန်ယူထားတဲ့ Olaf (Josh Gad) အပါအဝင် မူလဇာတ်ကောင်တွေနှင့် သရုပ်ဆောင်ကို ရုပ်ရှင်ပိတ်ကားပေါ် ကြိုဆိုထားပါတယ်။ Emmy ဆုရှင် Kevin Deters နှင့် Stevie Wermers-Skelton (Prep & Landing) တို့က ရိုက်ကူးထားပြီး Oscar ဆုရှင် Roy Conli (Big Hero 6) က ထုတ်လုပ်ထားပြီး Elyssa Samel နှင့် Kate Anderson ("Between the Lines") တို့ရဲ့ မူရင်းသီချင်းတွေပါဝင်တဲ့ Olaf's Frozen Adventure ကို နိုဝင်ဘာလ ၂၂ ရက်မှစတင်ပြီး အချိန်အကန်အသတ်နှင့် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

အသစ်ထွက်လာတော့မည့် ဒီဇာတ်လမ်းတိုလေးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထွက်မည့် Frozen ဇာတ်လမ်းနောက်ဆက်တွဲကို ဦးတည်သွားမယ်လို့ ယူဆရပါတယ်။ Walt Disney Animation Studio ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းရဲ့နောက်ဆက်တွဲ အမည်မပေးရသေးတဲ့ ဇာတ်ကားမှာ ဒါရိုက်တာ Jennifer Lee, Chris Buck နှင့် Peter Del Velho တို့နှင့် Grammy နှင့် Oscar ဆုရှင် တေးရေး Kristen Anderson-Lopez နှင့် Robert Lopez တို့ကို ပြန်လည်စုစည်းထားပါတယ်။

Frozen ဇာတ်ကားကို မူလပထမက ၂၀၁၃ ခုနှစ်မှာ ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားက ကမ္ဘာတစ်လွှားမှာ အကြီးအကျယ်အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတကာ box office မှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် ရရှိခဲ့ပါတယ်။


Bruce

#celebrity.thithtoolwin.com

Source: Comingsoon