Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'နိုဝင်ဘာလမှာ အယ်လ်ဘမ်သစ်နှင့် ပြန်လာမည့် RAIN

'နိုဝင်ဘာလမှာ အယ်လ်ဘမ်သစ်နှင့် ပြန်လာမည့် RAIN

| No comment

၎ နှစ်နီးပါကြာပြီးနောက်မှာတော့ မင်းသားနှင့် အဆိုတော် RAIN က အယ်လ်ဘမ်သစ်နှင့်အတူ ပြန်ရောက်လာတော့မှာဖြစ်ပါတယ်။

RAIN က သူ့ရဲ့ ၆ ခုမြောက်အယ်လ်ဘမ် 'RAIN EFFECT' ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ PSY က ထုတ်လုပ်ပေးထားတဲ့ ဇနီးသည် Kim Taehee အတွက် လက်ထပ်ခွင့်တောင်းတဲ့ 'The Best Present' သီချင်းကတော့ ဒီနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့ပါတယ်။

သူ့ရဲ့ အေဂျင်စီ Rain Company ပြောပြချက်အရ Rain က ဒီလကုန်ပိုင်းမှာ ဇာတ်ကားသစ် ရိုက်ကူးပြီးစီးမှာဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ USA ကို ခေတ္တသွားရောက်ပြီး နိုဝင်ဘာလမှာ ထွက်ဖို့ ရည်ရွယ်ထားတဲ့ အယ်လ်ဘမ်အတွက် လုပ်ကိုင်မှာဖြစ်ပါတယ်။

အယ်လ်ဘမ်သစ်ထဲမှာ Rain ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေလည်းပါဝင်မှာဖြစ်ပြီး တခြားပရိုဂျူဆာတွေ ရေးသားထားတဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Rain က သီချင်းတစ်ပုဒ်ကိုတော့ အသံသွင်းပြီးသားဖြစ်ပြီး နောက်ထပ် ၄ ပုဒ်ကျန်ပါသေးတယ်။


Bruce

#celebrity.thithtoolwin.com

Source:  KBS WORLD