Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'Reputation' အမည်ရ အယ်လ်ဘမ်သစ် ထွက်ရှိမည့် Taylor Swift

'Reputation' အမည်ရ အယ်လ်ဘမ်သစ် ထွက်ရှိမည့် Taylor Swift

| No comment

အမှန်တကယ်ဖြစ်လာပါပြီ။ များစွာသော မြွေနှင့်ပတ်သတ်သည့် သဲလွန်စများနှင့် အချိန်ကြာကြီး စောင့်ဆိုင်းခဲ့ရပြီးနောက်မှာတော့ အယ်လ်ဘမ်သစ် 'Reputation' က နိုဝင်ဘာလ ၁၀ ရက်မှာ ထွက်ရှိလာတော့မှာဖြစ်ကြောင်း Taylor Swift က အတည်ပြုလိုက်ပါပြီ။ ဒါပေမယ့် ပေါ့ပ်ဘုရင်မဆီက သီချင်းသစ်ကို နားထောင်ရဖို့ ပရိသတ်တွေက အဲ့ဒီလောက်အကြာကြီး စောင့်စရာမလိုတော့ပါဘူး။ ပထမဆုံး သီချင်းက ဩဂုတ်လ ၂၄ ရက်မှာ ထွက်ရှိလာတော့မှာပါ။

Swift က Mert & Marcus ရိုက်ကူးပေးထားတဲ့ သူမရဲ့ ၆ ခုမြောက် album cover art ကိုလည်း Instagram မှာ ဩဂုတ်လ ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။

Album of the Year Grammy ဆုရရှိခဲ့တဲ့ Swift ရဲ့ 1989 အယ်လ်ဘမ် ထွက်ရှိခဲ့တာ ၃ နှစ်နီးပါးရှိပြီဖြစ်ပေမယ့် သူကတော့ charts တွေနှင့် ဝေးမနေပါဘူး။ သူ့ရဲ့ ၂၀၁၆ ခုနှစ်က Zayn နှင့်အတူ ထွက်ရှိခဲ့တဲ့ Fifty Shades Darker ဇာတ်ဝင်သီချင်း "I Don't Want to Live Forever" က Billboard Hot 100 မှာ နံပါတ် ၁ နေရာ ရောက်ရှိခဲ့ပြီး သူ့ရဲ့ ၅ ခုမြောက် နံပါတ် ၁ သီချင်းဖြစ်လာဖို့ တစ်နေရာပဲကပ်လွဲသွားပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၈ ရက်ကတည်းက သူ့ရဲ့ လူမှုကွန်ယက်အကောင့်တွေကို အပြောင်ရှင်းလိုက်တဲ့အတွက် Taylor Swift ရဲ့ သီချင်းသစ်နှင့် ပတ်သက်တဲ့ မျှော်လင့်ချက်တွေက မြင့်မားနေတာကြောင့် ဒီသီချင်းသစ်က သူ့ရဲ့ နောက်ထပ် နံပါတ်တစ်ဖြစ်လာပြီး သမိုင်းဝင် နံပါတ် ၁ ဖြစ်နေတဲ့ Luis Fonsi, Daddy Yankee နှင့် Justin Bieber တို့ရဲ့ "Despacito" ကို ဖြုတ်ချနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

သေချာတာတစ်ခုကတော့ Swift က အောင်မြင်မှုအားပြင်းတဲ့ သူတစ်ယောက်ပါပဲ။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Usher ရဲ့ အယ်လ်ဘမ် Confessions နောက်ပိုင်းမှာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Swiftရဲ့ ၄ ခုမြောက် နံပါတ် ၁ အယ်လ်ဘမ် 1989 က ယူနစ် ၅ သန်း အမြန်ဆုံးပြည့်သွားတဲ့ အယ်လ်ဘယ်ဖြစ်လာပါတယ်။

ထွက်ရှိပြီး ပထမဆုံးရက်သတ္တပတ်မှာပဲ ၁.၂၈၇ ယူနစ် ရောက်ရှိခဲ့ပြီး 1989 World Tour က အမေရိကန်ဒေါ်လာ ၁၈၅.၄ သန်းရရှိခဲ့ပါတယ်။ “Bad Blood","Blank Space" နှင့် "Shake It Off" ၃ ပုဒ်က Hot 100 chart ရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန်လတွင် Spotify မှာ ထွက်ရှိလာချိန်မှာတော့ နားထောင်သူ အမြောက်အများရှိခဲ့ပါတယ်။ Nielsen Music ရဲ့ ပြောပြချက်အရ U.S မှာ အချပ်ရေပေါင်း ၆၀.၆ သန်း ရောင်းချခဲ့ရပြီး အမေရိကမှာ ၂၀၁၄ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပြီး (၂၀၁၅ ခုနှစ်မှာတော့ Adele ရဲ့ 25 အယ်လ်ဘမ်နောက်မှာ ဒုတိယရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။)

RII

#celebrity.thithtoolwin.com

Source: Billboard