Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / SM STATION အတွက် သီချင်းတွဲဆိုမည့် NCT အဖွဲ့ဝင် Taeyong နှင့် Yoo Young Jin

SM STATION အတွက် သီချင်းတွဲဆိုမည့် NCT အဖွဲ့ဝင် Taeyong နှင့် Yoo Young Jin

| No comment



SM STATION အတွက် သီချင်းသစ်ကို NCT အဖွဲ့ဝင် Taeyong က အောင်မြင်တဲ့သီချင်တွေကို ဖန်တီးသူ Yoo Young Jin နှင့်အတူ တွဲဆိုမှာဖြစ်ပါတယ်။

SM STATION ရဲ့ အပတ်စဉ်ထွက်လေ့ရှိတဲ့ digital single တွေထဲက ဒီတစ်ပတ်မှာ ထွက်ရှိလာမည့် “Cure” လို့အမည်ရတဲ့ သီချင်းကို အနုပညာရှင်နှစ်ယောက်က အတူဖန်တီးထားပါတယ်။ ဩဂုတ်လ ၂ ရက်က SM STATION မှ ထွက်ရှိလာတဲ့ ဗီဒီယိုထဲမှာ Taeyong က သီချင်းကို မိတ်ဆက်ပေးပြီး ဩဂုတ်လ ၂ ရက် ကိုရီယားစံတော်ချိန် နေ့လည်ခင်းမှာ ထွက်ရှိလာမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဒါကတော့ SM STATION မှာပါဝင်ခဲ့တာ Taeyong အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူက EDM ဂီတပညာရှင် Hitchhiker နှင့်အတူ “Around” လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို မေလက ဖြန့်ချိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က NCT 127 အဖွဲ့က Coca Cola နှင့်ပူးပေါင်းပြီး “Taste the Feeling” သီချင်းကို SM STATION မှ ဖြန့်ချီခဲ့ပါတယ်။

Yoo Young Jin ကိုတော့ SM Entertainment က အနုပညာရှင်များနှင့် လက်တွဲလုပ်ကိုင်လေ့ရှိတဲ့အတွက် လူသိများပြီး Super Junior, EXO, SHINee, Girls’ Generation နှင့် အခြားအနုပညာရှင်များအတွက် အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေ ရေးပေးခဲ့ဖူးပါတယ်။ သူက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက SM STATION မှာပါဝင်ပြီး အဖွဲ့ဝင် D.O. နှင့်အတူ “Tell Me (What Is Love)” သီချင်းကို ဖြန့်ချိခဲ့ပါတယ်။



       RII

     #celebrity.thithtoolwin.com

     Source: Soompi