Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / SM STATION အတွက် NCT အဖွဲ့ဝင် Taeyong နှင့် Yoo Young Jin တို့ တွဲဖက်သီဆိုထားသည့် “Cure” သီချင်းဗီဒီယို ထွက်ရှိလာ

SM STATION အတွက် NCT အဖွဲ့ဝင် Taeyong နှင့် Yoo Young Jin တို့ တွဲဖက်သီဆိုထားသည့် “Cure” သီချင်းဗီဒီယို ထွက်ရှိလာ

| No comment


NCT အဖွဲ့ဝင် Taeyong နှင့် Yoo Young Jin တို့ တွဲဖက်သီဆိုထားသည့် “Cure” သီချင်းဗီဒီယိုက ဩဂုတ်လ ၅ ရက်မှာ ထွက်ရှိလာပါတယ်။

သီချင်းခေါင်းစဉ်မှာပါတဲ့အတိုင်း “Cure” သီချင်းဟာ မျှော်လင့်ချက်ရှိကြောင်း သတင်းစကားပေးထားတဲ့ ခံစားမှုအသားပေး rock သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို Yoo Young Jin က ရေးသားဖွဲ့ဆိုထားပြီး Taeyong ကလည်း သီချင်းစာသားရေးသားရာမှာ ပါဝင်ထားပါတယ်။

သီချင်းဗီဒီယိုထဲမှာ Taeyong က လမ်းမပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေပြီး ဒီနေ့ခေတ် လူငယ်တွေရဲ့ စိတ်ဓာတ်ကျမှုကို ရောင်ပြန်ဟပ်ပြထားပါတယ်။ သီချင်းရဲ့ အထွတ်အထိပ်ကို ရောက်လာတာနှင့်အမျှ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ပြန်လည်ရပ်တည်နိုင်လာပါတယ်။

                         Cure

 

           RII

           #celebrity.thithtoolwin.com

             Source: Soompi