Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Stranger Things (Season 2) မှ ဇာတ်ကောင်ပိုစတာသစ် ၁၂ ခု ထွက်ရှိလာ

Stranger Things (Season 2) မှ ဇာတ်ကောင်ပိုစတာသစ် ၁၂ ခု ထွက်ရှိလာ

| No comment


ဇာတ်လမ်းတွဲ စတင်ပြသဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့တာနှင့်အမျှ Netflix က Season 2 အတွက် Stranger Things ဇာတ်ကောင်ပိုစတာသစ် ၁၂ ခုကို ဖော်ပြလိုက်ပါတယ်။ ဒုတိမြောက် Season ကို ဟော်လိုဝင်းအချိန်မီ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ ပြသမှာဖြစ်ပါတယ်။

ဒုတိမြောက် Season က Will ပြန်ရောက်လာပြီး နောက်တစ်နှစ်အကြာမှာ အခြေတည်ထားတာဖြစ်ပြီး အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလို့ ထင်ရပေမယ့် အမှောင်ထုကြီးက အပေါ်ယံမျက်နှာပြင်အောက်မှာတင် ပုန်းကွယ်နေပြီး Hawkins မြို့တစ်ခုလုံးကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ၁၉၈၄ ခုနှစ်ဖြစ်ပြီး Hawkins, Indiana မြို့သူမြို့သားတွေက Hawkins Lab ရဲ့ လျှို့ဝှက်ချက်တွေနှင့် demagorgon ရဲ့ကြောက်မက်ဖွယ်ဖြစ်ရပ်တွေကြောင့် ချာချာလည်နေကြတုန်းပါပဲ။ Will Byers ကို Upside Down ကနေ ပြန်ကယ်လာနိုင်ပေမည့် ပိုကြီးမားပြီး ပိုအန္တရာယ်ရှိတဲ့အရာက အသက်ရှင်ကျန်နေသူတွေကို ခြိမ်းခြောက်နေတုန်းပါပဲ။

Stranger Things Season 2 မှာ Winona Ryder, David Harbour, Finn Wolfhard, Millie Brown, Gaten Matarazzo, Caleb McLaughlin, Noah Schnapp, Natalia Dyer, Cara Buono, Charlie Heaton, and Matthew Modine တို့ပါဝင်ထားပါတယ်။ အသစ်ပါဝင်လာမည့်သူတွေကတော့ Sadie Sink (Unbreakable Kimmy Schmidt), Dacre Montgomery (Power Rangers), Brett Gelman (Blunt Talk, The Other Guys), သရုပ်ဆောင်သစ် Linnea Berthelsen, ၈၀ ခုနှစ်လွန်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ Sean Astin (The Goonies) နှင့် Paul Reiser (Aliens) တို့ဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Comingsoon