Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Stranger Things Season 3 လာဦးမယ်

Stranger Things Season 3 လာဦးမယ်

| No comment


 Netflix ကထုတ်လွှင့်အောင်မြင်ခဲ့တဲ့ Stranger Things Series ရဲ့ ဒုတိယမြောက် Season ကို လာမယ့် အောက်တိုဘာလမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပြီးတော့ co-creators တွေဖြစ်တဲ့ Ross နဲ့ Matt Duffer တို့က Season 3 အတွက် အတည်ပြုခဲ့ကြပါတယ်။ Vulture နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Ross က Series ဟာ “ Season 4 လောက်အထိ သွားနိုင်ကြောင်း”  ပြောခဲ့ရာမှာ စတုတ္ထမြောက် Season ကတော့ တကယ် ဖြစ်မဖြစ် မပြောခဲ့ပါဘူး။

အဆိုပါအင်တာဗျူးမှာပဲ Duffer ညီအကိုတွေဟာ Season 2 အတွက် minor details အချို့ကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။ ဒီ Season ဟာဆိုရင် TV show တစ်ခုဆိုတာထက် ဇာတ်ကားတစ်ကားရဲ့ Sequel ပုံစံမျိုး ခံစားရစေမျာ ဖြစ်ကြောင်း သိရပါတယ်။ Season 3 မှာတော့ Fiction town တစ်ခုဖြစ်တဲ့ Hawkins မြို့မှာပဲ အခြေတည်ထားမှာ ဖြစ်ပြီး Story ပိုင်းကို အနည်းငယ် ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Stranger Things ရဲ့ ပထမ Season ဟာ Will Byers အနေနဲ့ ကမ္ဘာပေါ်ကို ပြန်လည်ရောက်ရှိလာပေမယ့် Upside Down က monster တစ်ကောင်လိုမျိုး ဖြစ်လာတာနဲ့ အဆုံးသတ်ထားပါတယ်။ နောက်ဆုံး Scene မှာ Will ဟာ monster ကိုသူ့ဆီ မတော်တဆ ပြန်ခေါ်လာမိတာကို တွေ့ခဲ့ကြမှာပါ။
Stranger Things Season 2 ကို လာမယ့် အောက်တိုဘာလ ၂၇ရက်နေ့ကျရင် Netflix မှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Brucee

#celebrity.thithtoolwin.com

Ref: The Verge