Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'SuperELLE' မဂ္ဂဇင်း မျက်နှာဖုံးပေါ်က EXO အဖွဲ့ဝင် Sehun

'SuperELLE' မဂ္ဂဇင်း မျက်နှာဖုံးပေါ်က EXO အဖွဲ့ဝင် Sehun

| No comment


EXO အဖွဲ့ဝင် Sehun တရုတ်မဂ္ဂဇင်း 'SuperELLE' မဂ္ဂဇင်း မျက်နှာဖုံးပေါ်မှာ ဂုဏ်ယူဖွယ် ပါဝင်ခွင့်ရခဲ့ပါတယ်။

Sehun က လူကြိုက်များတဲ့ 'SuperELLE' မဂ္ဂဇင်း မျက်နှာဖုံးပေါ်မှာ ပါဝင်ခဲ့တာကြောင့် ကမ္ဘာတလွှားက အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီမဂ္ဂဇင်းက ဖက်ရှင်နှင့် လူနေမှုပုံစံအကြောင်းအရာဖြစ်ပြီး ဆယ်ကျော်သက်တွေနှင့် အသက် ၂၀ ကျော်တွေအတွက် ရည်မှန်ပြီး ထုတ်ဝေတာဖြစ်ပါတယ်။ မျက်နှာဖုံးပေါ်မှာရော အထဲမှာပါတဲ့ ပုံတွေမှာပါ Sehun ရဲ့ ပြတ်သားထင်ရှားပြီး ဖက်ရှင်ကျတဲ့ ပုံစံကို ပြသထားပါတယ်။ ဒီမဂ္ဂဇင်းထဲမှာ Sehun က တောင်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။

'SuperELLE' မဂ္ဂဇင်းရဲ့ ကိုယ်စားလှယ်တစ်ယောက်က “EXO က တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံမှာသာမက ကျန်တဲ့အာရှနိုင်ငံတွေကိုပါ လွှမ်းမိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ Sehun က ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဦးတည်ချက်နှင့် ငယ်ရွယ်မှု ပုံရိပ်ကို ကိုယ်စားပြုရုံသာမက ရုပ်ရည်ချောမောတယ်၊ ပါရမီရှိတယ်၊ သာမန်ထက်ကျော်လွန်တဲ့ ဖက်ရှင်ရှိတာတွေကြောင့် မဂ္ဂဇင်း မျက်နှာဖုံးမှာပါဖို့ ရွေးချယ်လိုက်တာပါ” လို့ ပြောပြခဲ့ပါတယ်။

ဒီမဂ္ဂဇင်းကို တရုတ်နိုင်ငံတွင် ဩဂုတ်လ၊ ၂၀ ရက်မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။


    RII

   #celebrity.thithtoolwin.com

    Source: Allkpop