Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift ၏ သီချင်းသစ် 'Look What You Made Me Do' ထွက်ရှိလာ

Taylor Swift ၏ သီချင်းသစ် 'Look What You Made Me Do' ထွက်ရှိလာ

| No comment

Teasers ၃ ခု၊ album cover တစ်ခုနှင့် မရေမတွက်နိုင်တဲ့ မြွေရုပ်ပုံ emojis တွေအပြီးမှာတော့ စောင့်ဆိုင်းနေရတဲ့ ကာလကပြီးဆုံးသွားပါပြီ။ Taylor Swift က သီချင်းသစ် 'Look What You Made Me Do' ကို ထုတ်ပေးလိုက်ပြီလေ။

ကတိပေးထားတဲ့အတိုင်း အဆိုတော်က သီချင်းသစ်ကို သောကြာနေ့ ညသန်းခေါင်တွင် iTunes မှာ ဖြန့်ချိခဲ့ပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ Swift သီချင်းတွေနှင့်မတူဘဲ 'Look What You Made Me Do' က အသံပိုင်းဆိုင်ရာအရရော စာသားပိုင်ဆိုင်ရာအရပါ အတော်အသင့် စိတ်ဓာတ်ကျဖွယ်ကောင်းပါတယ်။ Swift က ကံကြမ္မာအကြောင်း၊ သူပြုစုထားတဲ့ နာမည်စာရင်းအကြောင်းကို သီဆိုနေစဉ်မှာ ချောက်ချားဖွယ် စန္ဒရားလက်သံနှင့် တီးလုံးတွေက ရှေးရိုးဆန်တဲ့ သံစဉ်တွေက စိတ်ထင့်ဖွယ် ရောနှောပေါင်းစပ်နေပါတယ်။

"The world moves on another day, another drama-drama, but not for me, not for me, all I think about is karma, Maybe I got mine but you'll all get yours" ဆိုပြီး သူက Fergie ပုံစံအတိုင်း rap ရွတ်ပုံတစ်ဝက်နှင့် သီဆိုထားပါတယ်။

ဒီလောက်နှင့်တင် နိမိတ်ဆိုးက မလုံလောက်သေးဘူးဆိုရင်တော့ သီချင်းအဆုံးသတ်ခါနီးမှာ Swift က ဝမ်းသာအားရ ရက်စက်တဲ့ပုံပေါက်လာပါတယ်။ "I'm sorry, the old Taylor can't come to the phone right now. Why? Oh, cuz she's dead!" လို့ ရယ်မောပြီး ပြောထားပါတယ်။

ဒီရက်ပိုင်းမှာ Swift က ဘာတွေတွေးနေလဲဆိုရင်တော့ "I don't trust nobody and nobody trusts me / I'll be the actress starring in your bad dreams" ဆိုတဲ့ တေးသွားတစ်ကန့်က ထင်ရှားတဲ့ သဲလွန်စတစ်ခု ပေးနေပါတယ်။

Swift နှင့် ဒါရိုက်တာ Joseph Kahn တို့ရဲ့ lyric video ကို ကြည့်ရှုနိုင်ပြီဖြစ်ပြီး music video မကြာခင်ထွက်တော့မှာဖြစ်ကြောင်း Kahn က ကတိပေးခဲ့ပါတယ်။

Swift က အံ့ဩအောင်လုပ်တတ်တဲ့သူလို့ လူသိများကြပေမယ့် သီချင်းသစ်ထွက်မည့် ကိစ္စနှင့်ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းပြုလုပ်ခဲ့ပါတယ်။ ဩဂုတ်လ ၁၈ ရက်မှာ သူ့ရဲ့ လူမှုကွန်ယက်အကောင့်တွေအားလုံးကို အပြောင်ရှင်းလိုက်တာကစပြီး အင်တာနက်လောကကို ဟုန်းဟုန်းတောက်သွားစေရာက မြွေအမြီးကို ပြသထားတဲ့ ခြောက်ခြားဖွယ် ၁၀ စက္ကန့်ကြာ ဗီဒီယိုကြောင့် သီချင်းသစ် ဒါမှမဟုတ် အယ်လ်ဘမ်သစ် ထွက်လာတော့မယ်ဆိုတဲ့ စကားသံတွေနှင့်အတူ မရေမတွက်နိုင်တဲ့ မြွေရုပ်ပုံ emojis တွေကိုလည်း အသုံးပြုလာကြပါတယ်။

ဗုဒ္ဓဟူးနေ့က တရားဝင်သတင်းမကြေညာခင် ဒီကြားထဲမှာ မြွေနှင့်ပတ်သက်တဲ့ ဗီဒီယို ၂ ခုကို ထပ်မံမျှဝေခဲ့ပြီး Taylor ကို အရူးအမူးဖြစ်ခြင်းက အဲ့ဒီကတည်းက မရပ်တန့်တော့ပါဘူး။

"Look What You Made Me Do" သီချင်းက နိုဝင်ဘာလ ၁၀ ရက်မှာ ထွက်ရှိလာမည့် Swift ရဲ့ ၆ ခုမြောက် အယ်လ်ဘမ် Reputation ထဲက ပထမဆုံး သီချင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က album of the year ဆုရရှိခဲ့တဲ့ 1989 အယ်လ်ဘမ်ရဲ့ နောက်ဆက်တွဲလည်းဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Billboard