Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / The Foreigner ဇာတ်ကားမှ Jackie Chan နှင့် Pierce Brosnan တို့၏ ပိုစတာသစ်များ ထွက်ရှိလာ

The Foreigner ဇာတ်ကားမှ Jackie Chan နှင့် Pierce Brosnan တို့၏ ပိုစတာသစ်များ ထွက်ရှိလာ

| No comment


 STX Entertainment ရဲ့ Jackie Chan (Rush Hour, Shanghai Noon) နှင့် Pierce Brosnan (Mama Mia!, The World’s End) တို့ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို လက်စားချေတဲ့ ဇာတ်လမ်း The Foreigner အတွက် international poster သစ် ၂ ခု ထွက်ရှိလာပါတယ်။

The Foreigner ဇာတ်ကားကတော့ GoldenEye နှင့် Casino Royale ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ လန်ဒန်မြို့မှာ နေထိုင်နေတဲ့ အညတရ စီးပွားရေးသမား Quan (Chan) ဟာ နိုင်ငံရေးကို အရင်ခံတဲ့ အကြမ်းဖက်မှုကြောင့် ချစ်ရတဲ့ တစ်ဦးတည်းသော ဆယ်ကျော်သက်အရွယ် သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ အခါမှာတော့ လက်စားချေ သွေးကြွေးဆပ်ဖို့အတွက် ဖုံးကွယ်ထားတဲ့ အတိတ်ဇာတ်ကြောင်းတွေ ပေါ်လာပါတော့တယ်။

 အကြမ်းဖက်သမားတွေရဲ့ ဇာတ်ရုပ်မှန်ကို မဆုပ်မနစ် ရှာဖွေတဲ့အခါမှာတော့ Quan ဟာ အတိတ်ကအကြောင်းအရာတွေကြောင့် ဖမ်းရခက်တဲ့ လူသတ်သမားတွေရဲ့ ဇာတ်ရုပ်မှန်ကို သိနိုင်ခြေရှိတဲ့ ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိတစ်ယောက် (Brosnan) နှင့် ကြောင်နှင့်ကြွက်လို ပဋိပက္ခထဲကို ကျရောက်ခဲ့ရပါတယ်။

ဒီဇာတ်ကားမှာ ဒါရိုက်တာ Martin Campbell (Edge of Darkness, Green Lantern) က ၁၉၉၅ ခုနှစ်တုန်းက 007 ဇာတ်ကား Goldeneye မှာ ပါဝင်ခဲ့တဲ့ Brosnan နှင့် ပြန်လည်ဆုံတွေ့တာဖြစ်ပါတယ်။ Stephen Leather ရဲ့ “The Chinaman” ဝတ္ထုကို David Marconi (Live Free or Die Hard) က ဇာတ်ညွှန်းရေးသားထားပါတယ်။ Ray Fearon, Rory Fleck Byrne, Stephen Hogan နှင့် Michael McElhatton တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

The Foreigner ကို STX က ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာ ဖြန့်ချိမှာဖြစ်ပါတယ်။


RII


#celebrity.thithtoolwin.com

Source: Comingsoon