Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / The Gifted ဇာတ်လမ်းတွဲမှ Mutants များ၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

The Gifted ဇာတ်လမ်းတွဲမှ Mutants များ၏ ဇာတ်ကောင်ပိုစတာများ ထွက်ရှိလာ

| No comment




Marvel Entertainment နှင့် FOX က The Gifted ဇာတ်လမ်းတွဲထဲမှာ ပါဝင်မည့် Marvel ရုပ်ပြစာအုပ်မှ ဇာတ်ကောင် ၄ ယောက်ကို အဓိကထားပြီး ပိုစတာများ ထုတ်ပေးလိုက်ပါတယ်။ ဇာတ်ကောင်ပိုစတာထဲမှာ ပါဝင်တဲ့သူတွေကတော့ Blink (Jamie Chung), Thunderbird (Blair Redford), Polaris (Emma Dumont) နှင့် Eclipse (Sean Teale) တို့ဖြစ်ပါတယ်။

The Gifted ဇာတ်လမ်းတွဲရဲ့ ပထမဆုံး season ကို ဒီနှစ်ဆောင်ဦးရာသီမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး ပထမဆုံးအပိုင်းကို X-Men ဇာတ်ကား ၄ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bryan Singer က ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Stephen Moyer, Amy Acker, Percy Hynes White, Sean Teale, Blair Redford, Jamie Chung က သန္ဓေပြောင်းသူ Blink အဖြစ်နှင့် Natalie Alyn Lind က သန္ဓေပြောင်းသူ Polaris အဖြစ်ပါဝင်ထားပါတယ်။

20th Century Fox Television နှင့် Marvel Television က ထုတ်လုပ်ထားတဲ့ The Gifted ဇာတ်လမ်းတွဲဟာ သူတို့ရဲ့ သားသမီးတွေက သန္ဓေပြောင်းစွမ်အင်ရှိနေကြောင်း သိလိုက်ရတဲ့ သာမန်မိဘနှစ်ယောက် (Moyer နှင့် Acker) အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရန်လိုနေတဲ့ အစိုးရဆီကနေ ထွက်ပြေးဖို့ ဖိအားပေးခံခဲ့ရတဲ့ မိသားစုဟာ မြေအောက်သန္ဓေပြောင်းသူအဖွဲ့အစည်းနှင့် ဆက်သွယ်ပြီး အသက်ရှင်နိုင်ဖို့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။

Matt Nix (APB, Burn Notice) က ဇာတ်လမ်းရေးသားထားပြီး Bryan Singer (the X-Men franchise”) က ရိုက်ကူးထားကာ Nix, Singer, Lauren Shuler Donner (X-Men: Apocalypse, X-Men: Days of Future Past, The Wolverine), Simon Kinberg (X-Men: Apocalypse, X-Men: Days of Future Past), Jeph Loeb (Marvel’s Daredevil, Marvel’s Jessica Jones) နှင့် Jim Chory (Marvel’s Daredevil, Marvel’s Jessica Jones) တို့ အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားပါတယ်။
The Gifted ဇာတ်လမ်းတွဲကို အောက်တိုဘာလ ၂ ရက်၊ တနင်္လာနေ့တွင် FOX ရုပ်သံလိုင်းမှ ပွဲဦးထွက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Comingsoon