Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / သမိုင်းဝင် “Total Eclipse” ဖြစ်ပေါ်ချိန်မှာ အချိန်ကိုက်ထွက်ရှိလာသည့် EXO အဖွဲ့၏ “The Power Of Music” Teaser

သမိုင်းဝင် “Total Eclipse” ဖြစ်ပေါ်ချိန်မှာ အချိန်ကိုက်ထွက်ရှိလာသည့် EXO အဖွဲ့၏ “The Power Of Music” Teaser

| No comment


EXO အဖွဲ့ရဲ့ comeback အတွက်လို့ ယူဆရတဲ့ ပထမဆုံး teaser ထွက်ရှိလာပါပြီ!
မြောက်အမေရိကမှာ ဖြစ်ပွားမည့် နေအပြည့်ကြတ်သည့် အချိန်နှင့် နေ့စွဲကို ပဟေဠိဆန်သည့် အမှာစကားတစ်ခုနှင့်အတူ ဖော်ပြပြီးနောက်မှာ EXO အဖွဲ့က အဲ့ဒီအချိန်အတိအကျဖြစ်တဲ့ ကိုရီးယားနိုင်ငံ စံတော်ချိန် ခန့်မှန်းချေ နံနက် ၁ နာရီ ၆ မိနစ်မှာ teaser တစ်ခု ထုတ်ဝေခဲ့ပါတယ်။

နေကြတ်တဲ့ ပုံရိပ်ကို ပြသထားတဲ့ Teaser ထဲမှာ Baekhyun ရဲ့ အသံက ထင်ရှားနေပါတယ်။ အဆုံးသတ်မှာ “နေကြတ်ချိန်မှာ ဂီတရဲ့ စွမ်းအား ဖြစ်ပေါ်လာမယ်” ဆိုတဲ့ စာသားတွေ ပေါ်လာပါတယ်။ ဒီ Teaser ကို “EXO Planet မှ အမှာစကား” ဆိုတဲ့ စာတစ်ကြောင်းနှင့်အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။

EXO အဖွဲ့ရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပွဲဦးထွက် teaser တွေနှင့် ပွဲဦးထွက်သီချင်းဗီဒီယို “MAMA” မှာပါဝင်တဲ့ နေကြတ်ခြင်းနှင့် ပတ်သတ်နေတဲ့ ရင်းနှီးပြီးသား အာဘော်ကို ပြန်လည်ယူဆောင်လာတာဖြစ်ပါတယ်။ ဒါအပြင် ဒီအာဘော်က comeback များစွာ တစ်လျောက်မှာလည်း ပဲ့တင်ထပ်နေခဲ့တာကြောင့် ဒီတစ်ခါ ထွက်လာမည့် သီချင်းအတွက် မျှော်လင့်ချက်တွေ ပိုမိုမြင့်မားလာစေပါတယ်။

EXO အဖွဲ့က ခေါင်းစီးသီချင်း “Ko Ko Bop” ပါဝင်တဲ့ “The War” အယ်လ်ဘမ်ကို repackaged album အဖြစ်နှင့် စက်တင်ဘာလမှာ ပြန်လည်ရောက်ရှိလာမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

The Power Of Music (Korean ver

     The Power Of Music (Chinese ver

  RII

 #celebrity.thithtoolwin.com

 Source: Soompi