Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / tvN ရုပ်သံရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်ပါဝင်မည့် Super Junior အဖွဲ့ဝင် Choi Siwon နှင့် မင်းသမီး Kang Sora

tvN ရုပ်သံရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်ပါဝင်မည့် Super Junior အဖွဲ့ဝင် Choi Siwon နှင့် မင်းသမီး Kang Sora

| No comment


Super Junior အဖွဲ့ဝင် Choi Siwon နှင့် မင်းသမီး Kang Sora တို့က ဇာတ်လမ်းတွဲသစ် “Revolutionary Love” (ယာယီအမည်) မှာ ပါဝင်သွားမှာဖြစ်ကြောင်း ဩဂုတ်လ ၁၉ ရက်မှာ tvN ရုပ်သံက အတည်ပြုခဲ့ပါတယ်။

Choi Siwon အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စစ်မှုထမ်းပြီး ပြန်ရောက်လာပြီးနောက် ပထမဆုံး ရိုက်ကူးမည့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို နာမည်ကျော် “Marriage, Not Dating” နှင့် “Another Oh Hae Young” တို့ကို ရိုက်ကူးခဲ့တဲ့ PD Song Hyun Wook က ရိုက်ကူးမှာဖြစ်ပါတယ်။
Choi Siwon က စီးပွားရေးလုပ်ငန်းစုကြီးရဲ့ တတိယမြောက်မျိုးဆက်ဖြစ်ပြီး နေ့ရက်တိုင်းမှာ တတ်နိုင်သလောက် သက်သောင့်သက်သာနေဖို့ကလွဲပြီး ဘဝမှာ ရည်မှန်းချက်မရှိတဲ့ အလုပ်လက်မဲ့ Byun Hyuk အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

အချစ်ရဲ့ စွမ်းအားကို အမှန်တကယ် ယုံကြည်တဲ့ Byun Hyuk က အခြားသူတွေရဲ့ ရည်ရွယ်ချက်ကို သံသယမဝင်တတ်ဘဲ အမြော်အမြင်နည်းစွာ ရိုးအသူတစ်ယောက်ဖြစ်ပါတယ်။ သူက သူဌေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားပြီး သာမန်တိုက်ခန်းလေးမှာ နေထိုင်ပါတယ်။

Kang Sora ကတော့ အလုပ်ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ပညာရေးနှင့် ကျောထောက်နောက်ခံကောင်းပေမယ့် ဘယ်နေရာမှာမှ အလုပ်အကိုင်မမြဲတဲ့ Baek Joon အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမက အချိန်ပိုင်းအလုပ် လုပ်ကိုင်ပြီး Byun Hyuk နှင့် တိုက်ခန်းတစ်ခုတည်းမှာ နေထိုင်ရာက သူတို့ရဲ့ ဘဝတွေ ရောယှက်လာတာဖြစ်ပါတယ်။

Revolutionary Love ကို အောက်တိုဘာလထဲမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


RII


#celebrity.thithtoolwin.com

Source: Soompi