Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / X-Men Universe ထဲမှာ အခြေတည်ထားသည့် The Gifted ဇာတ်လမ်းတွဲနမူနာသစ် ထွက်ရှိလာ

X-Men Universe ထဲမှာ အခြေတည်ထားသည့် The Gifted ဇာတ်လမ်းတွဲနမူနာသစ် ထွက်ရှိလာ

| No comment


Television Critics Association အခမ်းအနား ကျင်ပပြီးနောက်မှာ FOX က The Gifted ဇာတ်လမ်းတွဲနမူနာသစ်ကို ဖော်ပြခဲ့ပါတယ်။ “Family is the Ultimate Power” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုထဲတွင် ကလေးတွေမှာ သန္ဓေပြောင်းစွမ်းအားတွေ ရှိနေတာကြောင့် ကြီးမားတဲ့အန္တရာယ်ထဲ ကျရောက်လာပြီး ဘဝက ဗြောင်းဆန်သွားခဲ့ရတဲ့ မိသားစုအကြောင်း အနည်းငယ် ထဲထဲဝင်ဝင်သိခွင့်ရလိုက်ပါတယ်။

The Gifted ဇာတ်လမ်းတွဲရဲ့ ပထမဆုံး season ကို ဒီနှစ်ဆောင်ဦးရာသီမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး ပထမဆုံးအပိုင်းကို X-Men ဇာတ်ကား ၄ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bryan Singer က ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Stephen Moyer, Amy Acker, Percy Hynes White, Sean Teale, Blair Redford, Jamie Chung က သန္ဓေပြောင်းသူ Blink အဖြစ်နှင့် Natalie Alyn Lind က သန္ဓေပြောင်းသူ Polaris အဖြစ်ပါဝင်ထားပါတယ်။

20th Century Fox Television နှင့် Marvel Television က ထုတ်လုပ်ထားတဲ့ The Gifted ဇာတ်လမ်းတွဲဟာ သူတို့ရဲ့ သားသမီးတွေက သန္ဓေပြောင်းစွမ်အင်ရှိနေကြောင်း သိလိုက်ရတဲ့ သာမန်မိဘနှစ်ယောက် (Moyer နှင့် Acker) အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရန်လိုနေတဲ့ အစိုးရဆီကနေ ထွက်ပြေးဖို့ ဖိအားပေးခံခဲ့ရတဲ့ မိသားစုဟာ မြေအောက်သန္ဓေပြောင်းသူအဖွဲ့အစည်းနှင့် ဆက်သွယ်ပြီး အသက်ရှင်နိုင်ဖို့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။

Matt Nix (APB, Burn Notice) က ဇာတ်လမ်းရေးသားထားပြီး Bryan Singer (the X-Men franchise”) က ရိုက်ကူးထားကာ Nix, Singer, Lauren Shuler Donner (X-Men: Apocalypse, X-Men: Days of Future Past, The Wolverine), Simon Kinberg (X-Men: Apocalypse, X-Men: Days of Future Past), Jeph Loeb (Marvel’s Daredevil, Marvel’s Jessica Jones) နှင့် Jim Chory (Marvel’s Daredevil, Marvel’s Jessica Jones) တို့ အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားပါတယ်။
The Gifted ဇာတ်လမ်းတွဲကို အောက်တိုဘာလ ၂ ရက်၊ တနင်္လာနေ့တွင် FOX ရုပ်သံလိုင်းမှ ပွဲဦးထွက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

                    Family is the Ultimate Power:
 

     RII

   #celebrity.thithtoolwin.com

      Source: Cominsoon