Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Avatar 2 ဇာတ်ကား ရိုက်ကူးမှုကို ဒီအပတ်အတွင်းမှာ စတင်မည်

Avatar 2 ဇာတ်ကား ရိုက်ကူးမှုကို ဒီအပတ်အတွင်းမှာ စတင်မည်

| No comment


Avatar ဇာတ်ကားတစ်ကားထွက်ပြီး နောက်ဆက်တွဲကားတွေ နောက်ကျနေလို့ စိတ်မရှည်ဖြစ်နေတဲ့ Avatar ဖန်တွေအတွက် ဒီသတင်းအပတ်အတွင်းမှာ Avatar 2 ဇာတ်ကား ရိုက်ကူးမှုကို တရားဝင်စတင်သွားမှာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်လိုက်ပါတယ်။

20th Century Fox နဲ့ Lightstorm Entertainment တို့ရဲ့ တရားဝင်ကြေညာချက်တွေအရ Avatar ရဲ့ Sequel ဇာတ်ကားတွဲတွေကို ၄ကားအထိ ထုတ်လုပ်မှာ ဖြစ်ပြီး Avatar 2 ကတော့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသသွားမှာပါ။

အဲ့ဒီနောက် တစ်နှစ်တိတိခြားပြီး ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့မှာ တတိယမြောက် Avatar ဇာတ်ကား၊ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ Avatar 4 ဇာတ်ကားနဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၉ရက်နေ့မှာ နောက်ဆုံး ၅ကားမြောက် Avatar ဇာတ်ကားတွေကို ဆက်လက်ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်။

၂၀၀၉ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး Avatar ဇာတ်ကားဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ်နဲ့ ဆက်လက်စံချိန်ထိန်းထားပြီး တစ်ကမ္ဘာလုံးရုံတင်ဝင်ငွေဟာဆိုရင် ဒေါ်လာ ၂.၇ဘီလီယံအထိ ရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ ၂၀၁၅ခုနှစ်က ရုံတင်ခဲ့တဲ့ Star Wars: The Force Awakens က ဒုတိယနေရာမှာရှိနေတာပါ။

ဒုတိယမြောက် Avatar ဇာတ်ကားမှာ မူလဇာတ်ကားက သရုပ်ဆောင်တွေဖြစ်တဲ့ Sam Worthington, Zoe Saldana, Joel David Moore, Stephen Lang, Matt Gerald နဲ့ Sigourney Weaver တို့က ဆက်လက်ပါဝင်မှာ ဖြစ်ပြီး Cliff Crutis နဲ့ Oona Chaplin တို့ကလည်း ထပ်မံ အားဖြည့်ထားကြောင်း သိရပါတယ်။

Avatar ဇာတ်ကားရဲ့ Sequel တွေကို James Cameron နဲ့ Jon landau တို့က သူတို့ရဲ့ Lightstorm Entertainment ကနေ ဖြန့်ချိထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ James Cameron ဒါရိုက်တာလုပ်ထားတဲ့ Sequel ဇာတ်ကားတွေကို ကင်မရွန်နဲ့အတူ Amanda Silva, Josh Friedman နဲ့ Shane Salerno တို့က ပူးတွဲ ဇာတ်ညွှန်းရေးသားထားကြောင်း သိရပါတယ်။

   Brucee

  #celebritythihtoolwin.com

   Ref: ComingSoon