Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဆံပင်တစ်မွှေးမှမရှိတော့တဲ့ ကတုံးပြောင်ဖြစ်သွားတဲ့ ဇေန်မာလိခ်

ဆံပင်တစ်မွှေးမှမရှိတော့တဲ့ ကတုံးပြောင်ဖြစ်သွားတဲ့ ဇေန်မာလိခ်

| No comment


ဇေန်ကတော့ ချစ်သူဖြစ်သူ ဂျီဂျီဟာဒစ်နဲ့ မိသားစုတွေအပတ်စဉ်တွေ့ဆုံချိန် ဓာတ်ပုံတွေထဲမှာတော့ တစ်မူထူးခြားလို့နေပါတယ်။ ဘာလို့လည်းဆိုတော့ ဇေန်တစ်ယောက် ဆံပင်တစ်မွှေးမှ မရှိတော့ဘဲ ကတုံးကို ပြောင်နေအုံး တုံးထားလို့ပါပဲ။

ဇေန်ဟာ ချစ်သူဖြစ်သူ ဂျီဂျီရဲ့အမေဖြစ်သူ ယိုလန်ဒါနဲ့ ရိုက်ထားတဲ့ဓာတ်ပုံမှာ ကတုံးကေနဲ့ဖြစ်နေတာကို ပရိသတ်တွေ သတိထားမိသွားကြတာပါ။ ဇေန်ကတော့ ချစ်သူဖြစ်သူ ဂျီဂျီနဲ့ပြန်လည်အဆင်ပြန်နေပြီဖြစ်ပြီး မိသားစုတွေကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေသူပါ။

ဇေန်ဟာ သူ့ရဲ့ Instagram မှာလည်း လာမယ့် အရာတစ်ခုခုအတွက် Teaser ပုံစံမျိုးပြသထားခဲ့ပြီး ဒါကတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ ထွက်ရှိလာမယ့် Sia နဲ့ Dusk Till Dawn ဆိုတဲ့ သီချင်းအတွက် Teaser ဗီဒီယိုဖြစ်နိုင်ချေရှိတယ်လို့ MTV က ခန့်မှန်းထားပါတယ်။

ဆံပင်ပုံစံပြောင်းလိုက်ပေမယ့်လည်း ဇေန်ကတော့ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံတစ်ခုကို ဆက်ထိန်းထားနိုင်တာကိုလည်း တွေ့ရပါတယ်။

     Mocha

   #celebrity.thithtoolwin.com

   Ref : MTV