Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဟောက်စတန်က မုန်တိုင်းဒဏ်သင့်သူတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ဘီယွန်းစေး

ဟောက်စတန်က မုန်တိုင်းဒဏ်သင့်သူတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ဘီယွန်းစေး

| No comment



နာမည်ကျော် အဆိုတော် ဘီယွန်းစေးကတော့ band mate မစ်ရှဲလ်ဝီလီယမ်စ်နဲ့ အမေဖြစ်သူ တီနာတို့နဲ့အတူ ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဟောက်စတန်ပြည်သူတွေကို သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

စိန့်ဂျွန်းဘုရားကျောင်းမှာ ခဏခိုလှုံနေရတဲ့ ပြည်သူတွေကို စားစရာနဲ့ တစ်ခြားလိုအပ်တဲ့အရာတွေ သွားရောက်ထောက်ပံ့ခဲ့တာပါ။

ဘီယွန်းစေးကတော့ ဟောက်စတန်က လူတွေအတွက် အားပေးစကားပြောကြားခဲ့ပြီး

"ဟောက်စတန်က ကျွန်မရဲ့ အိမ်ပါပဲ။ သင်တို့အားလုံး လုံလုံခြုံခြုံရှိနေလို့ ဝမ်းသာပါတယ်။ ကလေးတွေ ၊ လူကြီးတွေရော အားလုံး ကျန်းမာရေးကို ဂရုစိုက်ပေးကြပါ"

"စိန့်ဂျွန်းဘုရားကျောင်းက ကျွန်မရဲ့ အိမ်ပါပဲ။ ကျွန်မ ၁၀ နှစ်သမီးတုန်းက ဒီဘုရားကျောင်းမှာ ဆိုလိုသီချင်းတစ်ပုဒ်ကို စပြီး သီဆိုခဲ့တာပါ။ ဒီက ပရိသတ်တွေကြောင့်သာ ကျွန်မဒီအခြေအနေကို ရောက်လာတာပါ။ ကျွန်မအားလုံး ချစ်ပါတယ်။ အကူအညီပေးနိုင်တာကြောင့် ကျေးဇူးလည်း တင်ပါတယ်" လို့ ဘီယွန်းစေးကပြောကြားသွားတာဖြစ်ပါတယ်။"

Mocha

#Celebrity.thithtoolwin.com

Ref:Aceshowbiz