Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဘောလုံးပွဲမှာ မျက်နှာကို ခြေထောက်နဲ့အကန်ခံရပြီး သွေးတွေအန်ထွက်လာခဲ့သူ ပြန်လည်သက်သာလာခဲ့

ဘောလုံးပွဲမှာ မျက်နှာကို ခြေထောက်နဲ့အကန်ခံရပြီး သွေးတွေအန်ထွက်လာခဲ့သူ ပြန်လည်သက်သာလာခဲ့

| No comment


လွန်ခဲ့တဲ့ နှစ်ပတ်ခန့်လောက်က ချီလီနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချီလီဖလား ဘောလုံးပြိုင်ပွဲအတွင်း ပြိုင်ဘက်အသင်းမှ ကစားသမားတစ်ဦးရဲ့ခြေထောက်နဲ့ မျက်နှာကို မတော်တဆ အကန်ခံရသူ ချီလီဘောလုံးသမား Sebastian Villegas ဟာ အခုဆို ပြန်လည်သက်သာသွားခဲ့ပြီလို့ သိရှိရပါတယ်။

 အသက် ၂၆နှစ်အရွှယ်ရှိ ဘောလုံးသမား  ဟာ Antofagasta နဲ့ San Marcos ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်းနဲ့ မျက်နှာကို ပြိုင်ဘက်ကစားသမားရဲ့ မတော်တဆ ကန်ကျောက်မှုနဲ့ ရင်ဆိုင်လိုက်ရပြီး ထိုကန်ကျောက်မှုကြောင့်ပဲ Villegas ဟာ ကွင်းအတွင်းမှာ သွေးတွေအန်ထွက်ခဲ့ပြီး ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

အဆိုပါ မတော်တဆမှုကြောင့် Villegas ဟာ ခွဲစိတ်မှုနှစ်ခုကို ပြုလုပ်ခဲ့ရပါတယ်။ ထိခိုက်မှုနဲ့ပတ်သက်ပြီး ဘောလုံးသမား Villegas က “ ကျွန်တော်ရဲ့ဦးခေါင်းကို မထားသင့်တဲ့နေရာမှာ သွားထားမိလိုက်လို့ အခုလို မတော်တဆဖြစ်ရတယ်လို့ ထင်ပါတယ်။ ခွဲစိတ်ကုသမှုကတော့ နှစ်ခုလုပ်ရပါမယ်။ တစ်ခုကတော့ ပြီးမြောက်သွားခဲ့ပါပြီ။ နောက်တစ်ခုကတော့ နှာခေါင်းရိုးကျိုးသွားတာကို ခွဲစိတ်ရမှာပါ။

ဒဏ်ရာတွေက သေးတယ်ဆိုပေမယ့် သေနိုင်လောက်တဲ့ ဒဏ်ရာတွေချည်းပါပဲ။ ဘုရားမလို့သာ အခုလို ပြန်ကောင်းလာတာပါ။  ကျွန်တော့်ကို ကန်ကျောက်မိခဲ့သူကလည်း တမင်ရည်ရွှယ်ပြီး လုပ်တာမဟုတ်ပါဘူး။ သူလည်း ကျွန်တော့်ကိုကြည့်ပြီး အတော်လေး လန့်သွားခဲ့ပါတယ် ” လို့ ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: the sun