ဆာဘီးယားနိုင်ငံသားတစ်ဦးဖြစ်သူ ဆံပင်ညှပ်ဆရာ Mario Hvala ဟာ သူရဲ့ဖောက်သည်တစ်ဦးရဲ့ခေါင်းပေါ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ပုံတူကို ဆံပင်နဲ့ ပုံဖော်ပေးလိုက်တာကြောင့် လူအများအပြားရဲ့ အာရုံစိုက်ခြင်းကို ခံလာရပြီး ဆံပင်တတ်တူးအဖြစ်နဲ့ နာမည်ကျော်ကြားလာခဲ့ပါတယ်။
တကယ့်တော့ Mario Hvala ဟာ ဆံပင်တတ်တူးဆရာအဖြစ်နဲ့ အခုမှ လူသိများခဲ့တာမဟုတ်ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ဆံပင်တတ်တူးဆရာအဖြစ် ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၃နှစ်အရွှယ်ရှိ Mario ဟာ သူ ဆလိုဗက်ကီးယားနိုင်ငံမှာ နေထိုင်တုန်းက ဆံပင်လာညှပ်တဲ့ ဖောက်သည်တစ်ဦးကို အမိုက်စား ဆံပင်ပုံစံတစ်ခုကို အမှတ်တမဲ့ ညှပ်ပေးလိုက်ရာကနေ အခုလို ဆံပင်နဲ့ ပုံတူဖန်တီးပေးဖို့ စိတ်ကူးရလာခဲ့တာဖြစ်ပါတယ်။
Mario ဟာ သူရဲ့ဖောက်သည်တွေရဲ့ဦးခေါင်းပေါ်မှာ တီထွင်ပညာရှင် နီကိုလာတယ်ဆာ ၊ တင်းနစ်အကျော်အမော် ဂျူကိုဗစ်တို့ရဲ့ပုံတူတွေကို ဖန်တီးပေးနိုင်ခဲ့ပြီး အခုနောက်ဆုံး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပုံတူကို ညှပ်ပြနိုင်ပြီးနောက်ပိုင်းမှာ သူရဲ့ကျော်ကြားမှုက အရှိန်အဟုန် မြင့်တတ်လာခဲ့တာပဲဖြစ်ပါတယ်။
လက်ရာမြောက်လှတဲ့ ဖန်တီးမှုအတွက် Mario ဟာ သုံးနာရီကနေ ငါးနာရီလောက်အထိ အချိန်ပေးကာ ပုံဖော်ရပြီး ခက်ခဲပေမယ့် တစ်ချိန်တစ်ခါမှ အမှားအယွင်း မရှိခဲ့ဘူးလို့ Mario က အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဆံပင်တတ်တူးဆွဲတာဟာ Mario က ကမ္ဘာပေါ်မှာ ပထမဆုံးမဟုတ်ပဲ ဆန်အန်တိုနီယိုနယ်သား Rob Ferrell က ပထမဦးဆုံး ဆံပင်တတ်တူးရေးဆွဲတာခဲ့ပဲ ဖြစ်ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref: