Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂဏန်းပေါင်းစက်နှစ်လုံးနဲ့ Despacito သံစဉ်ကို တီးခတ်ပြနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံ YouTuber တစ်ဦး

ဂဏန်းပေါင်းစက်နှစ်လုံးနဲ့ Despacito သံစဉ်ကို တီးခတ်ပြနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံ YouTuber တစ်ဦး

| No comment


Luis Fonsi နဲ့ Daddy Yankee တို့အပြင် နာမည်ကျော် ကနေဒီယန်အဆိုတော် Justin Bieber တို့ ပူးပေါင်းသီဆိုထားတဲ့ Despacito သီချင်းဟာ ဂီတနယ်ပယ်မှာ စံချိန်တင်သွားလောက်တဲ့အထိကို အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီသီချင်းရဲ့သံစဉ်ကို ဂျပန်နိုင်ငံက YouTuber တစ်ဦးဟာ တရုတ်နိုင်ငံထုတ် ဂဏန်းပေါင်းစက်နှစ်ခုနဲ့ အံသြစရာကောင်းလှအောင် ဖန်တီးပြသသွားခဲ့ပါတယ်။

It's small world လို့ နာမည်ပေးထားတဲ့ Youtube သုံးစွဲသူတစ်ဦးဟာ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ AR7778 တံဆိပ် ဂဏန်းပေါင်းစက်နှစ်ခုကို ပေါင်းစပ်ပြီး စံချိန်တင် အောင်မြင်နေတဲ့ Despacito သီချင်းရဲ့သံစဉ်ကို တီးခတ်ပြသသွားခဲ့တာဖြစ်ပါတယ်။ ထိုဂျပန်နိုင်ငံသားဟာ ဂဏန်းပေါင်းနှစ်ခုစီက ခလုတ်များကို နှိပ်ပြီး Despacito သံစဉ်ကို ရလာအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။

Despactio သီချင်းကတော့ US Billboard Chart မှာ ၁၂ပတ်ဆက်ဆိုက် နံပါတ်တစ်နေရာကို အခိုင်အမာ ရပ်တည်နိုင်ခဲ့တဲ့ အမိုက်စား သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီလို ဂဏန်းပေါင်းစက်နဲ့ သီချင်းသံစဉ်တွေကို ဖန်တီးနိုင်ခဲ့တဲ့ ဂျပန် YouTube User ဖြစ်တဲ့ It's small world ဟာ ကမ္ဘာကျော် တေးသီချင်းများဖြစ်တဲ့ Ed Sheeran ရဲ့ Shape of You နဲ့ mash Mouth ရဲ့ All Star သီချင်းတို့ကိုလည်း ဂဏန်းပေါင်းစက်တွေနဲ့ တီးခတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုသူဟာ အခြားသော နာမည်ကျော် တေးသီချင်းအချို့ရဲ့သံစဉ်များကိုလည်း ဂဏန်းပေါင်းစက်သုံးခု အပါအဝင် ကလေးသုံး ပီယာနိုတစ်ခုတို့နဲ့ ဖန်တီးနိုင်ခဲ့ပါသေးတယ်ခင်ဗျာ။

VitamiN

#celebrity.thithtoolwin.com

Ref: upi