Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney ၏ သက်ဝင်လှုပ်ရှား Aladdin ဇာတ်ကားရိုက်ကူးရေးစတင်

Disney ၏ သက်ဝင်လှုပ်ရှား Aladdin ဇာတ်ကားရိုက်ကူးရေးစတင်

| No comment


Walt Disney Picturesရဲ့ ဂန္တဝင် ကာတွန်းဇာတ်လမ်း Aladdin ကို live-action ပြန်လည်ရိုက်ကူးဖို့ သရုပ်ဆောင်ရွေးချယ်ခြင်း ပြီးဆုံးသွားပြီးလန်ဒန်မြို့ပြင်ကLongcross Studiosမှာ ရိုက်ကူးရေး စတင်နေပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

Aladdin ဇာတ်ကားမှာ ပါဝင်မည့် သရုပ်ဆောင်တွေကတော့ အော်စကာဆုဆန်ကာတင်စာရင်း ၂ ကြိမ်ဝင်ခဲ့တဲ့ Will Smith (Ali, Men in Black) က မှော်မီးအိမ်ကို ပိုင်ဆိုင်တဲ့ မည်သူကိုမဆို ဆန္ဒ ၃ ခု ဖြည့်ဆည်းပေးနိုင်စွမ်းရှိတဲ့ Genieအဖြစ်၊ Mena Massoud (Amazon’s Jack Ryan) က Sultanရဲ့ သမီးတော်ကို စွဲလမ်းနေပြီး အကူအညီမဲ့နေတဲ့ လမ်းပေါ်က နှစ်သက်ဖွယ်ကောင်းတဲ့ သူခိုးလေး Aladdin အဖြစ်၊ Naomi Scott (Power Rangers) က သူမရဲ့ ဘဝကို ဘယ်လိုနေထိုင်ချင်တယ်ဆိုတာ ပြောပိုင်ခွင့်ရှိချင်တဲ့ Sultan ရဲ့ချောမောလှပတဲ့ သမီးတော်လေး Princess Jasmineအဖြစ်၊ Marwan Kenzari (Murder on the Orient Express) က Sultan ကို နန်းချဖို့ ကြံစည်ပြီး Agrabah ကိုကိုယ်တိုင် အုပ်ချုပ်ချင်တဲ့ မကောင်းဆိုးဝါးမှော်ဆရာJafar အဖြစ်၊ Navid Negahban (Homeland) က သမီးတော်လေး Jasmine အတွက် သင့်တော်တဲ့ ကြင်ယာတော်ကောင်း ရှာဖွေပေးဖို့ စိတ်အားထက်သန်နေတဲ့ Agrabah ရဲ့ အုပ်ချုပ်သူ Sultan အဖြစ်၊ Nasim Pedrad (Saturday Night Live) က Princess Jasmineရဲ့ လူယုံတော်နှင့် အိမ်ဖော် Dalia အဖြစ်၊ Billy Magnussen (Into the Woods) က Skanland က လာရောက်ပြီး ချစ်ရေးဆိုထားတဲ့ Princess Jasmineရဲ့ ကြင်ယာတော်ဖြစ်ဖို့ အလားအလာရှိတဲ့ Prince Anders အဖြစ်၊ Numan Acar (Homeland) က နန်းတော်စောင့်တပ်ရဲ့ အကြီးအကဲဖြစ်ပြီး Jafarရဲ့ ညာလက်ရုံး Hakim အဖြစ်တို့ ဖြစ်ပါတယ်။

Aladdin ဇာတ်ကားကို ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Aladdin ကာတွန်းဇာတ်လမ်းနှင့် “One Thousand and One Nights” ပုံပြင်များကို အခြေခံပြီး John August (Dark Shadows, Big Fish) က ဇာတ်ညွှန်းရေးသားထားပြီး Guy Ritchie (Sherlock Holmes, The Man from U.N.C.L.E.) က ရိုက်ကူးမှာဖြစ်ပါတယ်။ Dan Lin (The LEGO Movie) ကရွှေကမ္ဘာလုံးဆုရှင် Marc Platt (La La Land), Jonathan Eirich (Death Note) တို့နှင့်အတူ ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပြီး Kevin De La Noy (The Dark Knight Rises) က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

 တေးဂီတပိုင်းမှာတော့ Menken နှင့် အော်စကာဆုရတေးရေး Howard Ashman (Little Shop of Horrors) နှင့် Tim Rice (The Lion King) တို့ရဲ့ မူရင်းသီချင်းကို အသစ်ပြန်သွင်းထားတဲ့ သီချင်းတွေနှင့် Menken နှင့် အော်စကာနှင့် တိုနီဆုရတေးရေး Benj Pasek နှင့် Justin Paul (La La Land, Dear Evan Hansen) တို့ရဲ့ သီချင်းသစ် ၂ ပုဒ် တို့ကို ၈ ထပ်ကွမ်းအကယ်ဒမီဆုရှင် Alan Menken (Beauty and the Beast, The Little Mermaid) က အားဖြည့်တီးခတ်ပေးထားပါတယ်။

Aladdin ကာတွန်းဇာတ်ကားဟာ အကယ်ဒမီဆု ၅ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး Best Original Score ဆုနှင့်  “A Whole New World” သီချင်းအတွက် Best Original Song ဆုအပါဝင် ဆု ၂ ဆုရရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ရိုးရာပုံပြင် Aladdin and the Magic Lamp ကိုအခြေခံထားပြီး ၁၉၉၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားကို The Little Mermaid ကို ရိုက်ကူးခဲ့တဲ့ Ron Clements နှင့် John Musker တို့က ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာDisney ဂန္တဝင် ကာတွန်းဇာတ်လမ်းတွေဖြစ်တဲ့ Hercules, Treasure Planet, The Princess and the Frog, နှင့် Moana တို့ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။

 ဒီဇာတ်ကားမှာ Robin Williams က genie အဖြစ်၊ Scott Weingerက Aladdin အဖြစ်၊ Jonathan Freeman က Jafar အဖြစ်၊ Linda Larkin က Princess Jasmine အဖြစ်၊ Frank Welker က Aladdin ရဲ့ မျောက်ကလေး Abu အဖြစ်၊ Douglas Seale က The Sultan အဖြစ်နှင့် Gilbert Gottfried က Iago အဖြစ်ပါဝင်ခဲ့ကြပါတယ်။

Aladdin ဇာတ်ကားဟာ Disney က ဂန္တဝင် ကာတွန်းဇာတ်လမ်းတွေဖြစ်တဲ့ Cinderella, The Jungle Book, Pete’s Dragon, Beauty and the Beast, The Lion King, Mulan, Dumbo တို့ကို live-action အဖြစ် ပြန်လည်အသက်သွင်းလိုက်တဲ့ ဇာတ်ကားတွေထဲကတစ်ကားဖြစ်လာပါပြီ။

RII


#celebrity.thithtoolwin.com

Source: Comingsoon