Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney Pixar ၏ Coco ဇာတ်ကားနမူနာသစ်နှင့် ပိုစတာသစ် ထွက်ရှိလာ

Disney Pixar ၏ Coco ဇာတ်ကားနမူနာသစ်နှင့် ပိုစတာသစ် ထွက်ရှိလာ

| No comment




Land of the Dead ကို ရောက်ရှိသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Coco ဇာတ်ကားနမူနာသစ်နှင့် ပိုစတာသစ်ကို Disney•Pixar က ဖော်ပြလိုက်ပါတယ်။

Coco ဇာတ်ကားမှာ Miguel ဟာ ဂီတနှင့်ပတ်သက်တာတွေ မလုပ်ရဘူးလို့ သူ့မိသားစုက မျိုးရိုးစဉ်ဆက် တားမြစ်ထားတဲ့ကြားက သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ Ernesto de la Cruz လို အောင်မြင်တဲ့ ဂီတပညာရှင်ဖြစ်ရမယ်လို့ စိတ်ကူးအိပ်မက်တွေရှိနေပါတယ်။ သူ့မှာပါရမီရှိတာကို သက်သေပြဖို့ စိတ်အားထက်သန်နေတဲ့ Miguel က ပဟေဠိဆန်တဲ့ အကြောင်းအမျိုးမျိုးကြောင့် အရောင်အသွေးစုံလင်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Land of the Dead ကို ရောက်ရှိသွားပါတယ်။

ဇာတ်လမ်းတစ်လျှောက်မှာ နှစ်လိုဖွယ်ကောင်းတဲ့ လူလိမ် Hector (အသံသရုပ်ဆောင် Gael García Bernal) နှင့်ဆုံတွေ့ပြီး Miguel ရဲ့ မိသားစုရာဇဝင် နောက်ကွယ်က ဇာတ်လမ်းအစစ်အမှန်ကို ရှာဖွေဖို့ အံ့မခန်း ခရီးစဉ်ကို အတူတကွ စတင်ခဲ့ကြပါတယ်။

အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားသူများကတော့ Renée Victor, Ana Ofelia Murguía, Jaime Camil, Sofía Espinosa, Luis Valdez, Lombardo Boyar, Edward James Olmos, Alanna Ubach, Selene Luna, Alfonso Arau, Herbert Siguenza, Octavio Solis, Gabriel Iglesias, Cheech Marin နှင့် Blanca Araceli တို့ဖြစ်ပါတယ်။

Lee Unkrich (Toy Story 3) နှင့် Adrian Molina (story artist Monsters University) တို့က တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Darla K. Anderson (Toy Story 3) က ထုတ်လုပ်ထားတဲ့ Disney•Pixar’s Coco ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

Coco ဇာတ်ကားအတွက် original score ကို အော်စကာဆုရင် Michael Giacchino (Up, Rogue One) က ရေးဖွဲ့ပေးထားပြီး ကျန်တဲ့သီချင်းတွေကိုတော့ Germaine Franco (Dope, Shovel Buddies) နှင့် Molina တို့က တွဲဖက်ရေးသားထားပါတယ်။ the music project Mexican Institute of Sound မှ ဂီတပညာရှင် တိုင်ပင်ခံ Camilo Lara က လည်း အဖွဲ့ထဲမှာပါဝင်ထားပါတယ်။

RII

#celebrity.thithtoolwin.com

Source: Comingsoon