Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂရင်းနစ် ကမ္ဘာစံချိန်များစာအုပ်မှာဖော်ပြခံခဲ့ရတဲ့ EXO အဖွဲ့နှင့် BIGBANG အဖွဲ့

ဂရင်းနစ် ကမ္ဘာစံချိန်များစာအုပ်မှာဖော်ပြခံခဲ့ရတဲ့ EXO အဖွဲ့နှင့် BIGBANG အဖွဲ့

| No comment


EXO အဖွဲ့နှင့် BIGBANGအဖွဲ့ က MAMA Daesangs ဆုအများဆုံး ရရှိခဲ့တဲ့အတွက် The Guinness Book Of World Records မှာဖော်ပြခံခဲ့ရပါတယ်။

MAMA (Mnet Asian Music Awards) ဆုပေးပွဲဟာ နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ပိုင်းမှာကျင်းပလေ့ရှိတဲ့ အကြီးစား ဂီတဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။ K-pop နှင့် အာရှနိုင်ငံသား ဂီတပညာရှင်တွေကို ဂုဏ်ပြုဖို့ ရည်ရွယ်ပြီး Mnet ရုပ်သံလွှင့်ဌာနက တစ်ဆင့် CJ E&M က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

စာအုပ်ထဲမှာ ဖော်ပြခြင်ခံရတဲ့အတွက် boy band ၂ ခုကို ဂုဏ်ပြုကြောင်း Guinness World Records က ဩဂုတ်လ ၃၀ ရက်မှာ Twitter မှာရေးသားခဲ့တာဖြစ်ပါတယ်။

EXO အဖွဲ့က ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ Album of the Year ဆုကို နှစ်တိုင်းဆက်တိုက်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Artist of the Year ဆုကို ရရှိခဲ့တဲ့အတွက် စုစုပေါင်း Daesangs ဆု ၅ ဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်က ၂၀၀၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်မှာ Song of the Year ဆု၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့မှာ Artist of the Year ဆုရရှိခဲ့တဲ့ BIGBANGအဖွဲ့ရဲ့ စံချိန်နှင့် ကိုက်ညီနေတာဖြစ်ပါတယ်။


RII


#celebrity.thithtoolwin.com

Source: Soompi