Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / It ဇာတ်ကား Sequel ရဲ့ ထုတ်လုပ်ရက်ကို သတ်မှတ်လိုက်ပြီ

It ဇာတ်ကား Sequel ရဲ့ ထုတ်လုပ်ရက်ကို သတ်မှတ်လိုက်ပြီ

| No comment


ယခုလက်ရှိရုံတင်ပြသပြီး အောင်မြင်လျက်ရှိတဲ့ Stephen King ရဲ့ It ဇာတ်ကားအတွက် နောက်ထပ် Sequel တစ်ကား ထုတ်လုပ်မယ့် ရက်ကို Warner Bros ထုတ်လုပ်ရေးက တရားဝင်ထုတ်ဖော်လိုက်ပြီး လာမယ့် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှာ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ခေါင်းစဉ်မပေးရသေးတဲ့ ဇာတ်ကားသစ်ဟာ ပြီးခဲ့တဲ့သတင်းပတ်က Box office record မှာ ဒေါ်လာ ၁၁၇သန်းအထိ ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Andy Muschietti ရိုက်ကူးတဲ့ ဇာတ်ကားမှာ ကလေးသရုပ်ဆောင်တွေဖြစ်တဲ့  Finn Wolfhard, Sophia Lillis, Jaeden Lieberher, Jack Dylan Grazer, Chosen Jacobs, Wyatt Oleff, Jeremy Ray Taylor တို့က ဦးဆောင်ပါဝင်ထားပြီး It အဖြစ် Bill Skarsgard က ပါဝင်ထားပါတယ်။

Sequel မှာတော့ ပထမဇာတ်ကားက လူငယ်တွေကို လူကြီးဗားရှင်းအနေနဲ့ ပြန်လည် တွေ့မြင်ရမှာ ဖြစ်ပြီး It ကသူတို့ကို ဖျက်ဆီးဖို့အတွက် ပြန်လာပုံကို ရိုက်ပြမှာပါ။ It sequel ဇာတ်ကားကို Imax ဗားရှင်းနဲ့ တွေ့ရို့ရှိပြီး Blumhouse Production ရဲ့ ပရောဂျက်အနေနဲ့ ထွက်လာမှာပါ။

  Bruce

 #technology.thithtoolwin.com

  Ref: EW