Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jennifer Lawrenceပါဝင်ထားသည့် စပိုင်ရုပ်ရှင် Red Sparrowဇာတ်လမ်းနမူနာထွက်ရှိလာ

Jennifer Lawrenceပါဝင်ထားသည့် စပိုင်ရုပ်ရှင် Red Sparrowဇာတ်လမ်းနမူနာထွက်ရှိလာ

| No comment

အကယ်ဒမီဆုရှင် Jennifer Lawrenceပါဝင်ထားသည့်သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားသစ် Red Sparrowအတွက် ပထမဆုံးနမူနာကို20th Century Fox က ဖော်ပြလိုက်ပါတယ်။

DominikaEgorova က ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အမေကိုစောင့်ရှောက်မယ်လို့ ဆုံးဖြတ်ချက်ထားတဲ့ သစ္စာရှိတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စိတ်နှင့် ခန္ဓာကိုအဆုံးအစွန်ထိဖိအားပေးတတ်တဲ့ ရက်စက်သူဘဲလေးကချေသည် ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ညို့အားပြင်းပြီး ကြိုးကိုင်ခြယ်လှယ်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိပြီးဘဲလေးကချေသည်အဖြစ်ကိုစွန့်လွှတ်လိုက်ရတဲ့အခါမှတော့ Dominika နှင့် သူမအမေတို့ရဲ့ အနာဂတ်ဟာမျှော်လင့်ချက်ကင်းမဲ့ကာမရေမရာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲသူမလိုထူးခြားတဲ့ လူငယ်တွေကိုသူတို့ရဲ့ စိတ်နှင့် ခန္ဓာကိုလက်နက်အဖြစ် အသုံးချတတ်အောင် လေ့ကျင့်ပေးတဲ့ လျှို့ဝှက်ထောက်လှမ်းရေး Sparrow School ကိုဝင်ရောက်ခဲ့ရပါတယ်။

ရက်စက်ခြင်းမှာသာယာတတ်လာအောင် လေ့ကျင့်သင်ကြားပေးတဲ့ လုပ်ငန်းစဉ်တွေကိုမဆုတ်မနစ် ကြံ့ကြံ့ခံသင်ယူပြီးနောက်မှာတော့ သင်ကြားပေးခဲ့သမျှသူတွေထဲမှာ အန္တရာယ်အများဆုံးSparrow တစ်ယောက်ဖြစ်လာပါတယ်။ သူမနှင့် သူမယုံကြည်လို့ရတဲ့ သူကသူတစ်ယောက်ထဲပဲရှိပါတယ်လို့ အယုံသွင်းဖို့ ကြိုးစားနေတဲ့ American CIA အေးဂျင့်တစ်ယောက်အပါအဝင် သူမချစ်ခင်ရသူတွေအားလုံး အန္တရာယ်ကျရောက်လာတဲ့အခါမှာတော့ Dominikaတစ်ယောက်သူမရဲ့ အရင်ကပုံစံနှင့် ယခုသူမရှိနေတဲ့ အစွမ်းတွေကိုချိန်ညှိရတော့မှာဖြစ်ပါတယ်။

Red Sparrowဇာတ်ကားမှာJoel Edgerton, Matthias Schoenaerts, Charlotte Rampling, Mary-Louise Parker နှင့် Jeremy Irons တို့လည်းပါဝင်ထားပါတယ်။

Jason Matthews ရဲ့ စာအုပ်ကိုအခြေခံပြီးJustin Haythe (Revolutionary Road) က ဇာတ်ညွှန်းရေးသားထားတဲ့ Red Sparrowဇာတ်ကားကိုHunger Gamesနောက်ဆုံး ၃ ကားမှာJennifer Lawrenceကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာFrancis Lawrence က ရိုက်ကူးထားပါတယ်။ Chernin Entertainment က Steve Zaillian နှင့်အတူထုတ်လုပ်ထားပြီး Garrett Basch က အမှုဆောင်ထုတ်လုပ်သူဖြစ်ပါတယ်။

Red Sparrowဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂ ရက်မှာရုံတင်ပြသသွားမှာဖြစ်ပါတယ်။



RII

#celebrity.thithtoolwin.com

Source: Comingsoon