Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / John Wick 3 ထွက်ရှိမယ့်နေ့ကို ကြေညာ

John Wick 3 ထွက်ရှိမယ့်နေ့ကို ကြေညာ

| No comment


Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သူတို့ရဲ့ နာမည်ကျော် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ John Wick: Chapter Three ဇာတ်ကားကိုလာမယ့် ၂၀၁၉ ခုနှစ်ရဲ့ မေလ ၁၇ ရက်နေ့မှာ ထွက်ရှိကာ ကြေညာသွားတော့မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

မင်းသားကြီး Keanu Reeves ပဲ အဓိက နေရာကနေ ပါဝင်လာမယ့် ဒီဇာတ်ကားကိုလည်း လူအများက စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

ထွက်ရှိခဲ့ပြီးတဲ့ John Wick ဇာတ်ကားတွေ အောင်မြင်မှုရရှိခဲ့ပြီး ဒီဇာတ်ကားကလည်း ဘယ်လိုပုံစံခင်းကျင်းလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပထမဆုံး John Wick ဇာတ်ကားကတော့ ဒေါ်လာ ၈၈ သန်းကျော်အထိ ဝင်ငွေရရှိခဲ့ပြီး ၂၀၁၄ မှာ ထွက်ရှိခဲ့တာပါ။ ဒီနှစ်မှာတော့ John Wick ဇာတ်ကားနောက်ထပ်တစ်ခု ထွက်ရှိခဲ့ပြီးဖြစ်ပြီး ဒေါ်လာ ၁၇၁.၅ သန်းအထိ ဝင်ငွေတွေရရှိခဲ့ပါတယ်။

Mocha

#celebrity.thithtoolwin.com

Ref: comingsoon