Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jumanji: Welcome to the Jungle! ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

Jumanji: Welcome to the Jungle! ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

| No comment




Sony Pictures က Jumanji: Welcome to the Jungle! အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ဇာတ်လမ်းနမူနာသစ် ၂ ခုကို ပြသလိုက်ပါပြီ။

Jumanji စွန့်စားခန်းသစ်မှာတော့ ဆယ်ကျော်သက် ၄ ယောက်က Jumanji ကမ္ဘာထဲကို ရောက်သွားပြီး ကြံ့တွေ၊ အဆိပ်ပြင်းတဲ့ အမည်းရောင် အာဖရိကမြွေတွေနှင့် အဆုံးမရှိတဲ့ တောထောင်ချောက်နှင့် ပဟေဠိအမျိုးမျိုးကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဇာတ်လမ်းက ပြောင်းပြန်ဖြစ်သွားပါပြီ။

 အသက်ရှင်နိုင်ဖို့အတွက် အနွံအတာခံတတ်တဲ့ Spencer က သတ္တိရှိတဲ့ စူးစမ်းရှာဖွေသူ (Dwayne Johnson) ၊ သန်မာထွားကြိုင်းပြီး အထက်စီးဆန်တဲ့ Fridge က ဉာဏ်ကြီးရှင် လူဗလံလေး (Kevin Hart) ၊ ခေတ်ဆန်တဲ့ ကောင်မလေး Bethany က စာကြမ်းပိုးပါမောက္ခ (Jack Black) ၊ အားကစားကို သဘောမကျတဲ့ Martha က အမေဇုံစစ်သည် (Karen Gillan) အဖြစ် Game ထဲက ဇာတ်ကောင်တွေအဖြစ် ကစားရမှာဖြစ်ပါတယ်။ ကိစ္စတွေကို အရင်နှင့် လုံးဝမတူညီတဲ့ ရှုထောင့်ကနေ စတင်ရှုမြင်နိုင်မှသာ အနိုင်ရပြီး တကယ့်ကမ္ဘာကြီးထဲက သူတို့ဘဝဆီကို ပြန်လာနိုင်မှာဖြစ်ပါတယ်။

Jumanji: Welcome to the Jungle! ဇာတ်ကားထဲမှာ Nick Jonas, Ser’Darius Blain, Madison Iseman, Alex Wolff နှင့် Morgan Turner တို့လည်းပါဝင်ပါတယ်။

Chris McKenna, Erik Sommers နှင့် Scott Rosenberg, Jeff Pinkner တို့ရဲ့ ဇာတ်ညွှန်းကို Bad Teacher နှင့် Sex Tape ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jake Kasdan က ရိုက်ကူးမှာဖြစ်ပါတယ်။ Matt Tolmach နှင့် William Teitler တို့က David Householter, Jake Kasadan, Dwayne Johnson, Dany Garcia, Ted Field တို့နှင့် Mike Weber နှင့် အတူထုတ်လုပ်ထားပါတယ်။

Jumanji: Welcome to the Jungle! ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII


#celebrity.thithtoolwin.com

Source: Comingsoon