Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justice League ဇာတ်ကားအတွက် ဇာတ်ကောင်ဓာတ်ပုံသစ်များ ထွက်ရှိလာ

Justice League ဇာတ်ကားအတွက် ဇာတ်ကောင်ဓာတ်ပုံသစ်များ ထွက်ရှိလာ

| No comment


အစောပိုင်းက Justice League တစ်ဖွဲ့လုံးရဲ့ ဓာတ်ပုံ ထွက်လာပြီးနောက်မှာတော့ Justice League ဇာတ်ကောင်တွေရဲ့ တစ်ကိုယ်တော်ဓာတ်ပုံတွေ ထွက်ရှိလာပါတယ်။ Batman, Wonder Woman, The Flash, Aquaman နှင့် Cyborg တို့ရဲ့ တစ်ကိုယ်တော်ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဓာတ်ပုံသစ်များထွက်ရှိလာပါတယ်။

Justice League ဇာတ်ကားမှာ Ben Affleck က Batman အဖြစ်၊ Henery Cavill က Superman အဖြစ်၊ Gal Gadot က နှင့် Wonder Woman အဖြစ်၊ Jason Mamoa က Aquaman အဖြစ်၊ Ezra Miller က The Flash အဖြစ်၊ Ray Fisher က Cyborg အဖြစ်၊ Wilem Dafoe က Nuidis Vulko အဖြစ်၊ Jesse Eisenberg က Lex Luthor အဖြစ်၊ Jeremy Irons က Alfred Pennyworth အဖြစ်၊ Diane Lane က Martha Kent  အဖြစ်၊ Connie Nielsen က Queen Hippolyta အဖြစ်၊ Billy Crudup က Henry Allen အဖြစ်၊ Amber Heard ကMera အဖြစ်၊ Kierset Clemons က Iris West အဖြစ်နှင့် J.K.  Simmon က
Commissioner Gordon အဖြစ်၊ Amy Adams က Lois Lane အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။

Snyder နှင့် Terrio တို့ရဲ့ ဇာတ်လမ်းကို Chris Terrio က ဇာတ်ညွှန်းရေးသားထားပြီး Zack Synder (Batman v Superman: Dawn of Justice, Man of Steel) က ရိုက်ကူးမှာဖြစ်ပါတယ်။ Synder ရဲ့ မိသားစုကိစ္စကြောင့် နောက်ဆက်တွဲဇာတ်ကားရဲ့ additional photography  နှင့် post production ပြီးစီသွားတဲ့အထိ Joss Whedon က တာဝန်ယူသွားမှာဖြစ်ပါတယ်။ Justice League ဇာတ်ကားရဲ့ ပရိုဂျူဆာတွေကတော့ Charles Roven, Deborah Snyder, Jon Berg နှင့် Geoff Johns တို့ဖြစ်ပါတယ်။ အမှုဆောင် ပရိုဂျူဆာတွေကတော့ Jim Rowe, Wesley Coller, Curt Kanemoto, Chris Terrio နှင့် Ben Affleck တို့ဖြစ်ပါတယ်။

Justice League ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာပြသမှာဖြစ်ပါတယ်။



RII

#celebrity.thithtoolwin.com

Souce:Comingsoon