Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ Khloe Kardashian

ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ Khloe Kardashian

| No comment


နောက်ထပ် Kardashian တစ်ယောက်ကတော့ ထပ်ပြီး ကိုယ်ဝန်ရှိလာပြန်ပါပြီ။ သူကတော့ Khloe ဖြစ်ကြောင်း TMZ ကဖော်ပြခဲ့ပါတယ်။

Khloe Kardashian ဟာ NBA star ချစ်သူ Tristan Thompson နဲ့ သူ့ရဲ့ ပထမဆုံး ကိုယ်ဝန်ကို ရရှိနေပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

TMZ ရဲ့ သတင်းအရ Khloe ဟာ ကိုယ်ဝန် ၃လရှိနေပြီဖြစ်ပြီး မိန်းကလေးလား၊ ယောက်ျားလေးလားဆိုတာတော့ မသိရသေးပါဘူး။

ယခုလက်ရှိမှာ Kardashian မိသားစုထဲက အခြားညီအစ်မတွေဖြစ်တဲ့ Kim, Kylie တို့ဟာလည်း ကလေးရှိနေပြီဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီမှာ မွေးဖွားဖို့ မျှော်လင့်ထားကြပါတယ်။

Khloe နဲ့ Tristan တို့ဟာ တွဲနေတာ တစ်နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။


Bruce

#celebrity.thithtoolwin.com

Ref: EW