Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / London Fashion Week မှာ Best “Tommy Look” အဖြစ် Vogue မဂ္ဂဇင်း၏သတ်မှတ်ခြင်းခံရသည့် EXO အဖွဲ့ဝင် Chanyeol

London Fashion Week မှာ Best “Tommy Look” အဖြစ် Vogue မဂ္ဂဇင်း၏သတ်မှတ်ခြင်းခံရသည့် EXO အဖွဲ့ဝင် Chanyeol

| No comment

EXO အဖွဲ့ဝင် Sehun က ပြီးခဲ့တဲ့ လအနည်းငယ်က ပါရီမြို့မှာချီးကျူးခံခဲ့ရသလိုပဲ အဖွဲ့ဝင် Chanyeol ကလည်း London Fashion Week ကိုတတ်ရောက်ခဲ့ပြီး ပရိသတ်တွေနှင့် ဖက်ရှင်လောကထဲက နာမည်ကျော်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။

အဆိုတော်ဟာ Tommy Hilfiger’s Fall 2017 show ကို စက်တင်ဘာလ ၁၉ ရက်ကတတ်ရောက်ခဲ့ရာမှာ Vogue မဂ္ဂဇင်းက “သူရောက်လာတာနဲ့ တစ်ပြိုင်နက် သူ့ကိုမီးမောင်းထိုးပြလိုက်သလိုပဲ” လို့ ပြောကြားခဲ့ပြီး “Tommy Look ကိုChanyeol လောက် လိုက်ဖက်အောင် ဝတ်နိုင်တဲ့သူမရှိ” ကြောင်း သူ့ရဲ့
ဖက်ရှင်ကို ချီးကျူးခဲ့ပြီး “သူက အာရှက စူပါစတားတစ်ယောက်ဖြစ်ပြီးခေတ်ဆန်ကြောမော့တဲ့ ကိုယ်ပိုင်စတိုင်ရှိသူ” ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အဲ့ဒီညက Chanyeol ဝတ်ဆင်ခဲ့တဲ့ Tommy Hilfiger ဝတ်စုံကိုလည်းသက်သောင့်သက်သာ ဖြစ်နေတဲ့ပုံစံက သူနေ့စဉ်ဘဝမှာ အမှန်တကယ် ဝတ်ဆင်တဲ့အဝတ်အစားကို ထင်ဟပ်နေကြောင်း မှတ်ချက်ခဲ့ပါတယ်။
Vogue မဂ္ဂဇင်းကသာမက အခြားမီဒီယာတွေကလည်း ဒီပွဲကို Chanyeolတက်ရောက်ခဲ့ကြောင်း ဗီဒီယိုအမျိုးမျိုး၊ ဓာတ်ပုံအထွေထွေကတဆင့်အထူးတလည်ဖော်ပြခဲ့ကြပါတယ်။

အဆိုတော်ရဲ့ ဗီဒီယိုတစ်ခုကို Instagram မှာ တင်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ပွဲမစတင်ခင်မှာလည်း Chanyeol ကလန်ဒန်မြို့ရောက်တုန်းရောက်ခိုက် W Korea မဂ္ဂဇင်းနှင့်ဓာတ်ပုံရိုက်ကူးရေးမှာ ပါဝင်ခဲ့ပုံရပါတယ်။ ဒီဓာတ်ပုံတွေကတော့ ၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် မဂ္ဂဇင်းထဲမှာ ပါဝင်မှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi