နောက်ဆုံးမှာတော့ EXO အဖွဲ့ဝင် Lay က သူနှင့် တစ်ထေရာတည်း တူညီနှင့် ဖယောင်းရုပ်ကို တွေ့လိုက်ရပါပြီ။Lay က Madame Tussauds ဖယောင်းရုပ်ပြတိုက်ကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံတွေကို Weibo စာမျက်နှာထက်မှာ စက်တင်ဘာလ ၈ ရက် နေ့လည်ခင်းက ဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံတွေကို “ဘေဂျင်းမြို့မှာရှိတဲ့ Madame Tussauds ဖယောင်းရုပ်ပြတိုက်မှာ Zhang Yixing (Lay ၏ တရုတ်အမည်) နှစ်ယောက် ထွက်ပေါ်လာပါတယ်။ Yixing ရဲ့ ချစ်စဖွယ်ကောင်းပြီး ဟာသမြောက်တဲ့ ပုံရိပ်တွေကို တစ်ချက်လောက် ကြည့်လိုက်ကြပါဦး” လို့ အညွှန်းရေးသား ဖော်ပြထားပါတယ်။
Lay က သူ့ဖယောင်းရုပ်အတိုင်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြတိုက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ သူက အရုပ်ပေါ်ကို ပခုံးဖက်ထားတဲ့ပုံ၊ ပါးကို နမ်းနေတဲ့ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ ဖယောင်းရုပ်ရဲ့ ပုံစံအတိုင်း လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး နောက်တစ်ဖက်ကို L-ပုံစံ လိုက်လုပ်ခဲ့ပါတယ်။ Lay ရဲ့ သေချာထုစစ်ထားတဲ့ ချောမောတဲ့ ရုပ်ရည်မှအစ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာအထိ သူ့ရဲ့ ဖယောင်းရုပ်ကတော့ တစ်ထေရာတည်းပါပဲ။
သူက ဖယောင်းရုပ်ရရှိတဲ့ ပထမဆုံး EXO အဖွဲ့ဝင်ဖြစ်ပြီး TVXQ နှင့် Super Junior အဖွဲ့ဝင် Choi Siwon တို့နောက်ပိုင်းမှာ တတိယမြောက် SM Entertainment အနုပညာရှင်ဖြစ်လာမှာပါ။
Lay က တရုတ်ဇာတ်လမ်းတွဲတွေနှင့် ရုပ်ရှင်တွေဖြစ်တဲ့ “To Be A Better Man,” “Operation Love,” “The Mystic Nine,” “Kung
RII
#celebrity.thithtoolwin.com
Source: Soompi